Web-DL   Animation   

Minions: The Rise of Gru (2022)

ဒီဇာတ်ကားလေးကတော့ Animation, Advendure, Comedy အမျိုးအစားဖြစ်ပါတယ်။ မီနီယမ်ဆိုတာ ကလေးရော လူကြီးတွေပါကြိုက်ကြတဲ့ ဇာတ်ကောင်လေးတွေဖြစ်ပြီး ရယ်ရမှာကတော့ အသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မီနီယမ်တွေဟာ ကမ္ဘာဦးအစကတည်းကအကြမ်းတမ်းဆုံးဗီလိန်ကို လိုက်ရှာရင်း တွေ့ခဲ့သမျှ ဘော့စ်တွေကို တလွဲတွေလုပ်ပြီး ဒုက္ခပေးခဲ့ကြတာပါ။ နောက်ဆုံးမှာတော့ ဂရူ ပေါက်စလေးနဲ့ တွေ့ခဲ့ပြီး ဂရူကလည်း ကမ္ဘာအကောင်းဆုံးဗီလိန်အဖွဲ့ဖြစ်တဲ့ လူမိုက်ကြီး၆ယောက် အဖွဲ့ထဲကို ဝင်ဖို့ကြိုးပမ်းနေချိန်ဖြစ်ပါတယ်။ လူမိုက်ကြီး၆ယောက်အဖွဲ့က ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးဗီလိန်တွေဖြစ်အောင် ရှေးဟောင်း ဇိုးဒီယမ်းကျောက်တုံးကို သွားယူခဲ့ပါတယ်။ အဲဒီ ဇိုးဒီးယမ်းကျောက်တုံးကို သူတို့လက်ထဲကနေ ဂရူက ခိုးယူလိုက်တဲ့အခါ လူမိုက်ကြီး၆ယောက်အဖွဲ့က ဂရူကို ဘယ်လိုလက်တုံ့ပြန်ကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 4k 5.1CH, 080p 5.1CH, 720p, […]
  • 4k
  • 1 week ago
Movies   Blu-ray   

Ghostbusters: Afterlife (2021)

Ghostbusters: Afterlife (2021) ဟာတစ်ချိန်ကနာမည်ကျော်ကလေးလူကြီးတွေရဲ့အသည်းကျော်ဖြစ်ခဲ့တဲ့ Ghostbusters နှစ်ကားရဲ့တိုက်ရိုက်နောက်ဆက်တွဲဖြစ်ပါတယ်။ ကြားထဲမှာထွက်ခဲ့သေးတဲ့ နာမည်ကျော်မင်းသမီးတွေနဲ့ Ghostbusters (2016) ကတော့ ဒီ universe မှာမရှိပါဘူး။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ဒုတိယဇာတ်ကားအပြီး ၃၂ နှစ်အကြာမှာ တကိုယ်တည်းမိခင်တစ်ယောက်နဲ့ကလေးနှစ်ယောက်ဟာမြို့ပေါ်မှာဘဝမရပ်တည်နိုင်တော့တဲ့နောက် သူ့ဖခင် ကလေးတွေရဲ့အဘိုးချန်ထားခဲ့တဲ့ တစ်ခုတည်းသောအမွေဆက်ခံရရှိတဲ့ ကြောက်စရာလယ်တောအိမ်ကြီးတစ်ခုကိုပြောင်းရွှေ့လာခဲ့ပါတယ်။ အဲ့ဒီမှာပဲ ရွယ်တူကလေးတွေနဲ့ဝင်မဆန့်ပဲ သိပ္ပံပညာကိုတရားလွန်စိတ်ဝင်စားတဲ့ သမီးငယ်လေး Phoebe ကနေ သူ့အဘိုးဖြစ်သူဟာ တစ်ချိန်က ဂန္ဓဝင် Ghostbusters အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးအခုချိန်မှာ သူ့အဘိုးအသက်ပေးစောင့်ရှောက်သွားခဲ့တဲ့ မဟာရန်သူတော်တွေပြန်ပေါ်ထွက်လာမယ့်အချိန်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့..။ နောက်ဆက်တွဲကားတွေထဲမှာ တော်တော်မိုက်တယ်လို့ပြောရမယ့်ဇတ်ကားဖြစ်ပြီး မူလပရိသတ်တွေရော အခုမှစကြည့်မယ့်ပရိသတ်အသစ်တွေပါ လုံး၀ စိတ်ပျက်စေရမှာမဟုတ်ပါဘူး။ တောက်လျှောက်ပျော်စရာဟာသတွေ အဓိကသရုပ်ဆောင်ကလေးတွေရဲ့ချစ်စရာသဘာဝကျကျအမြူးအသောတွေနဲ့ဖောက်နေပြီး၊ မူရင်းဆရာသမားကြီးတွေရဲ့ cameo နဲ့ နောက်ဆက်တွဲအခန်းတွေက မျက်ရည်ဝိုင်းချင်စရာပါ။ ကလေးတွေကိုဦးစားပေးထားတဲ့အတွက် Stranger Things လို Vibe […]
  • 4k
  • 2 weeks ago
Movies   Blu-ray   

Encanto (2021)

အရွယ်သုံးပါးမရွေး အကြိုက်တွေ့စေမယ့် အသစ်စက်စက် Disneyကာတွန်းကားလေး Encantoလာပါပြီ။ IMDb ratingလည်း 7.4အထိရထားတဲ့အပြင် စပိန်စကားလေးတွေညှပ်ညှပ်ပြောတဲ့အပြင် စပိန်သံဝဲဝဲနဲ့သီချင်းလေးတွေဆိုပြီး သရုပ်ဖော်ရိုက်ကူးထားတာကြောင့် လုံးဝမပျင်းရဘဲ စိတ်ပေါ့ပါးစေမယ့် ကားသစ်လေးပါ။ ထွက်ထွက်ပြီးချင်း ဆုတွေလည်းလေးဆုအထိ သိမ်းပိုက်ထားလို့ ကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ တောင်တွေပတ်လည်ဝိုင်းထားတဲ့ အန်ကန်တိုဆိုတဲ့နေရာလေးမှာ မှော်အစွမ်းတွေပိုင်ဆိုင်ထားတဲ့ မာဒရီဂယ်မိသားစုလေးရှိပါတယ်။ သူတို့မိသားစုမှာ ခွန်အားကြီးတဲ့သူကနေ ဘယ်အနာရောဂါမဆိုပျောက်စေနိုင်တဲ့ အစွမ်းရှိသူအထိ စုံလင်စွာရရှိထားပေမဲ့ မီရာဘယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်မှာပဲ ဘာအစွမ်းမှပေါ်မလာခဲ့ပါဘူး။ မာဒရီဂယ်တွေက သူတို့အစွမ်းတွေကိုသုံးပြီး ရွာကအခြားလူတွေကိုကူညီပေးသလို မိသားစုအတွက် အကောင်းဆုံးနေထိုင်ကြလို့ မီရာဘယ်လည်း သူတတ်အားတဲ့နေရာကနေ မိသားစုဂုဏ်တက်ရအောင် အမျိုးမျိုးကူညီဖို့လုပ်ပေမဲ့ သူလုပ်သမျှက ဝင်ရှုပ်မိသလိုဖြစ်နေတဲ့အခါ……..။ ဒီလိုနဲ့နေလာရင်းတစ်ရက်မှာ သူတို့ရထားတဲ့မှော်အစွမ်းတွေ ပြယ်စပြုလာပြီး အန်ကန်တိုတစ်ခုလုံးအန္တရာယ်ရှိလာပါတယ်။ ဒီလိုဖြစ်ရတာကလည်း မီရာဘယ်နဲ့ တစ်ခုခုပက်သက်နေတယ်ဆိုပြီး နိမိတ်မှာပေါ်လာတဲ့အခါ မီရာဘယ်တစ်ယောက် အမှန်တရားကိုရှာဖွေပြီး သူ့မိသားစုကိုကယ်တင်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကို စိတ်ဝင်စားစရာ […]
  • 4k
  • 3 weeks ago
Blu-ray   Animation   

Soul (2020)

အသစ်လေးတွေ ထပ်ပြီးတင်ဆက်ပေးလိုက်ပါ်တယ်နော်။ ခုတလောလေးကမှ Disney ကထွက်ရှိထားတဲ့ ကာတွန်းကားလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်။ ကာတွန်းကားဆိုပြီး အထင်တော့မသေးလိုက်ပါနဲ့။ IMDb rating 8.3ထိကိုရ ရှိထားတာပါ။ Disneyကထုတ်တာဖြစ်လို့မကောင်းမှာလည်းစိတ်မပူရပါဘူး။ ဂျိုးဆိုတဲ့ ဂီတပညာရှင်တစ်ယောက်ဟာ ကျောင်းတွေမှာ ဂီတဘာသာရပ်သင်ကြားပြီး တီးဝိုင်းတွေမှာ လိုက်တီးခတ်တဲ့သူပေါ့။ တစ်နေ့ကျ သူလုံးဝကိုလိုက်တီးချင်နေခဲ့တဲ့ နာမည်ကြီးအဖွဲ့တစ်ခုနဲ့ သွားတွေ့ပါတော့တယ်။ သူကိုကမ်းလှမ်းလာတော့ အပျော်လွန်ပြီးမြောင်းထဲကျပြီး မျောသွားတော့တာပေါ့။ သူမျောနေတုန်း သူရဲ့စိတ်ဝိညာဉ်က သူတို့တွေနေထိုင်တဲ့ ဝိညာဉ်ကမ္ဘာကိုရောက်သွားပါတော့တယ်။ တကယ်တော့ လူတွေက မဖွားခင်မှာသူတို့ရဲ့ အကျင့်စရိုက်တွေကို စိတ်ဝိညာဉ်တွေက လေ့လာသင်ယူခဲ့ရတာပါ။ နောက်ပြီးမှ ကမ္ဘာမြေက လူဆီက ဝင်ရောက်နိုင်တာပေါ့။ ဂျိုးရဲ့ ဝိညာဉ်ကလည်း သူတို့ဝိညာဉ်လောကဆီမှာ သင်ကြားပြသသူ လာဖြစ်နေတာပေါ့။ ဒါပေမဲ့ ဂျိုးဝိညာဉ်ကတော့ သူရဲ့ ခန္ဓာကိုယ်ဆီပဲ ပြန်သွားချင်နေပါတေ့ာတယ်။ သွားဆို တီးဝိုင်းလိုက်တီးဖို့ချိန်းထားခဲ့တာလေ။ ဝိညာဉ်လောကမှာ သင်ကြားသူနဲ့ တပည့်ဆိုပြီး […]
  • 4k
  • 3 weeks ago
Web-DL   Animation   

The Sea Beast

ပထမဆုံးပြောချင်တာကတော့ big hero 6,frozen,moana တို့ကိုရိုက်ခဲ့တဲ့ director ကပဲရိုက်ထားတာဆိုတော့ animation ပိုင်းရော ဇာတ်လမ်းပိုင်းရော အလွန်ကောင်းမွန်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မျိုးရိုးအစဥ်အဆက် အမဲလိုက်ခဲ့တဲ့ ကပ္ပတိန်ကရိုးဆိုတဲ့ အဘိုးကြီးတစ်ယောက်က သူ့လက်ထက်မှာ အဲ့ကောင်ကို ရဖို့အမဲလိုက်နေတာပါ။ အဲ့ကောင်ဆိုတာကတော့ ပင်လယ်မှာ အန္တရာယ်အရှိဆုံး ရတ်ဘလတ်စတာပါပဲ။ တစ်ရက်တော့ အဲ့ကောင်နဲ့ ချနေကြရင်း သူ့သားအရင်းလို ချစ်ရတဲ့ ဂျက်ကော့ဟော်လန်နဲ့မေစီလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်က ရတ်ဘလတ်စတာ ရဲ့မျိုခြင်းကိုခံလိုက်ရပါတယ်။ မျိုချခံပြီး သေသွားမလား ဘာတွေဆက်ဖြစ်မလဲ ဇာတ်လမ်းက ဘာတွေမြုပ်ထားလဲ ဆိုတာကိုသိချင်ရင်တော့ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 1080p 5.1CH, 720p, 480p Duration……..: 1h 55m Translator…..: Khin Lay […]
  • 1080p
  • 4 weeks ago
Movies   Blu-ray   

Morbius (2022)

ဂရိကဆေးရုံတစ်ရုံမှာအသက်ဆယ်နှစ်အရွယ်မိုက်ကယ်ဆိုတဲ့ကောင်လေးဟာ နောက်အသစ်ရောက်လာတဲ့ လူစီယန်ဆိုတဲ့သူ့လိုပဲရှားပါးတဲ့ရောဂါတစ်မျိုးခံစားနေရတဲ့ ဘဝတူကောင်လေးတစ်ယောက်နဲ့ညီရင်းအစ်ကိုလိုချစ်ခင်ရင်းနှီးခဲ့ကြပြီး ပညာပိုင်းမှာ ပါရမီပါလာတဲ့ မိုက်ကယ်ဟာပံ့ပိုးမှုကောင်းကောင်းလေ့လာကြိုးစားမှုတွေနဲ့ အတူသွေးဘက်ဆိုင်ရာရောဂါတွေမှာ ဆရာတစ်ဆူဖြစ်လာခဲ့ပါတယ်။ မိုက်ကယ်ဟာ သူတို့ရောဂါကိုကုသနိုင်မယ့်ကုထုံးကိုတစ်စိုက်မတ်မတ်ရှာဖွေနေရင်းနဲ့ သွေးစုပ်လင်းနို့တွေရဲ့ဒီအန်အေနဲ့ လူ့ဒီအန်အေကိုပေါင်းစပ်တဲ့စမ်းသပ်မှုတစ်ခုကနေ သွေးစုပ်ကောင်တစ်ပိုင်းအဖြစ်ပြောင်းလဲသွားခဲ့ပြီး စွမ်းအားတွေ ဘေးထွက်ဆိုးကျိုးတွေပါခံစားလာရပြီးတဲ့နောက်၊ အဲ့ဒီကုထုံးကိုအရူးအမူးလိုချင်တဲ့ လူစီယန်ကလဲ သူအတန်တန်တားတဲ့ကြားက ရယူသုံးစွဲပြီး ထိန်းမနိုင်သိမ်းမရတဲ့သွေးစုပ်ကောင်အဖြစ်ပြောင်းလဲရုံမက စိတ်ဓာတ်တွေပါ ခက်ထန်ကြမ်းတမ်းပြောင်းလဲသွားတဲ့အခါ..။ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ Venom လို Antihero တစ်ယောက်ပဲဖြစ်တဲ့ Morbius ရဲ့ဖြစ်ပေါ်လာပုံအကြောင်းမိတ်ဆက်ဖြစ်ပါတယ်။ Credit Scene မှာတော့ Spiderman နဲ့ ချိတ်ဆက်ဖို့အစပျိုးပြသွားပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K, 1080p 5.1CH, 1080p TrueHD, 720p, 480p Duration……..: 1h 44m Translator…..: Dreamy Encoder………: […]
  • 4k
  • 4 weeks ago
Movies   Blu-ray   

Doctor Strange in the Multiverse of Madness (2022)

Doctor Strange ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ wandavision အဖြစ်အပျက်တွေအပြီးအချိန်ကိုဇာတ်အိမ်တည်ထားပါတယ်။ Doctor Strange ဟာသူ့အိမ်မက်တွေထဲမှာတွေ့တွေ့နေတဲ့ စကြာဝဠာတွေကိုကျော်ဖြတ်ခရီးသွားနိုင်တယ်ဆိုတဲ့ ရှားပါးတဲ့အစွမ်းပိုင်ရှင် ကောင်မလေးကို ဧရာမရေဘဝဲကြီးရန်ကနေကယ်ဆယ်ခဲ့ပြီးနောက် ပြဿနာက ဒီမှာတင်မပြီးတာကိုသိခဲ့ရပါတယ်။ ကောင်မလေးရဲ့အစွမ်းကိုအသည်းအသန်လိုချင်နေတဲ့ရန်သူနဲ့တကွဲခြိမ်းခြောက်မှုအန္တရာယ်အမျိုးမျိုးအကြောင်းသိလာချိန်မှာ သူတစ်ဦးတည်း မလုံလောက်နိုင်တော့လို့ စကားလက်ဝှစ်ချ်နဲ့ ဝေါင် တို့ကိုပါ အကူအညီတောင်းခဲ့ပေမယ့်..၊ စောင့်မျှော်ရကျိုးနပ်သလို ပရိသတ်ကျေနပ်အားရစေမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K SDR, 1080p 5.1CH, 1080p FHD, 720p, 480p Duration……..: 2h 6m Translator…..: Dreamy Encoder………: MZM Update တွေကြည့်ရအောင် Telegram ကို Join ထားပါ ShweFlix လင့်သေနေတာရှိရင် အောက်ကကွန်းမန့်မှာ ရေးခဲ့ပေးပါ။
  • 4k
  • 4 weeks ago