Movies   Blu-ray   

See for Me (2022)

ဆိုဖီက ငယ်ရွယ်တဲ့နှင်းလျှောစီးသမားဟောင်းတစ်ဦးဖြစ်ပြီး အခုချိန်မှာ အချိန်ပိုင်းအလုပ်တွေလုပ်နေပါတယ်။ တစ်နေ့တော့ ဝေးလံတဲ့နယ်ဘက်က ဇိမ်ခံအိမ်ကြီးတစ်လုံးကို အိမ်ရှင်မ ခရီးထွက်ခိုက်တစ်ယောက်တည်းစောင့်ပေးရဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနေ့ညနေပိုင်းကမှ သူထည့်လိုက်တဲ့ “See For Me” ဆိုတဲ့ App အသစ်ကတစ်ဆင့် မျက်မမြင်တွေကို ဗီဒီယိုကောလ်နဲ့လမ်းညွှန်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ကယ်လီဆိုတဲ့ကောင်မလေးနဲ့ သိကျွမ်းခဲ့ပါတယ်။ အဲ့ဒီမတော်တဆဖြစ်ရပ်လေးဟာ သူ့အတွက်ဘုရားသခင်စောင်မလိုက်တဲ့ကံကောင်းခြင်းတစ်မျိုးပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီညမှာပဲ လက်နက်ကိုင်လူတစ်စုဟာ ဒီအိမ်ထဲမှာဝှက်ထားတဲ့ငွေတိုက်သေတ္တာထဲကငွေတွေကိုလာလုယက်ရာကနေ သူ့ကိုတွေ့သွားခဲ့တာကြောင့်ပါ။ သူစိမ်းယောက်ျားလက်နက်ကိုင်တွေနဲ့ မျက်မမြင်မိန်းကလေးတစ်ယောက်၊ သူ့ဘက်ကဗီဒီယိုကောလ်နဲ့လမ်းညွှန်ပေးမယ့် ကယ်လီအကူအညီနဲ့ ဒီလူတွေကိုတွန်းလှန်တိုက်ခိုက်ရတော့မှာပါ။ နောက်ထပ်ကံကောင်းတဲ့အချက်က ကယ်လီဟာစစ်ပြန်တစ်ယောက်ဖြစ်နေတာပါပဲ။ အိမ်ထဲကိုလူဆိုးတွေဝင်လာပြီး ဒုက္ခိတတစ်ယောက်နဲ့ ရင်ဆိုင်တိုက်ခိုက်ရတဲ့ကားတွေထဲမှာပထမဆုံးမဟုတ်ပေမယ့် သူ့နည်းသူ့ဟန်နဲ့ကွဲထွက်နေပြီး သပ်ရပ်လှပတဲ့ဇာတ်လမ်းဖွဲ့စည်းပုံအလှည့်အပြောင်းတွေနဲ့ သည်းထိတ်ရင်ဖိုရှုစားရမယ့် Canadian thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA […]
  • 1080p
  • 3 days ago
Movies   Blu-ray   

The King’s Man (2021)

အားလုံးသိထားတဲ့အတိုင်းရှေ့နစ်ကားရဲ့နောက်ဆက်တွဲမဟုတ်ပဲ Kingsman အဖွဲ့ကြီးစတင်တည်ထောင်ဖြစ်ခဲ့ပုံနောက်ကွယ်ကဇာတ်ကြောင်းပဲဖြစ်ပါတယ်။ အပြင်မှာ တကယ်ရှိခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အဖြစ်အပျက်တွေ ကမ္ဘာစစ်ကြီးတွေကို Kingsmen တွေနဲ့ချိတ်ဆက်ပြသွားတာ အတော်ပညာသားပါပြီး၊ အတော်စားပါတယ်။ အရင်ကားတွေလောက်အက်ရှင်ခန်းမများပေမယ့်ပါသမျှအခန်းတိုင်းက ရေလည်မိုက်ရေလည်ဂေါ်ပါတယ်။ အရွှန်းအသောတွေနဲ့ အက်ရှင်ကားဆိုပေမယ့် R rated ဖြစ်တဲ့အတွက်သတ်ခန်းဖြတ်ခန်းဆဲဆိုခန်းတွေကြမ်းပါတယ်။သုံးထားတဲ့ သရုပ်ဆောင်တွေနဲ့ နောက်ခံတေးဂီတတွေကလဲ ရှယ်ပါပဲ။ ခံစားကြည့်ကြပါ။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K TrueHD 7.1, 1080p TrueHD 7.1, 1080p 5.1CH, 720p, 480p Duration……..: 2h 11m Translator…..: Dreamy Encoder………: MZM Update တွေကြည့်ရအောင် Telegram ကို Join ထားပါ ShweFlix လင့်သေနေတာရှိရင် အောက်ကကွန်းမန့်မှာ […]
  • 4k
  • 2 weeks ago
Movies   Web-DL   

Deep Water (2022)

Lolita, Unfaithful တို့လိုဂန္ဓဝင် Erotic Thriller တွေရဲ့ဖန်တီးရှင်ဒါရိုက်တာကြီး Adrian Lyne ရဲ့နောက်ဆုံးပေါ်လက်ရာဖြစ်ပြီး Ben Affleck နဲ့မင်းသမီးချောလေး Ana de Armas တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအနေနဲ့ ဗစ်ခ်နဲ့ မယ်လင်ဒါတို့ဟာ မြို့ငယ်လေးတစ်ခုမှာအခြေချနေထိုင်တဲ့ ဇနီးမောင်နှံဖြစ်ပြီး၊ မယ်လင်ဒါကတော့ယောက်ျားတကာနဲ့အမြဲတစေပွေရှုပ်နေတတ်ပြီး ဗစ်ခ်ကလဲ မသိကျိုးကျွန်ပြုထားတဲ့အတွက် ပတ်ဝန်းကျင်က သူတို့ဆက်ဆံရေးကို နားမလည်နိုင်ဖြစ်နေရပါတယ်။ မြို့ငယ်လေးဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်အတွင်းကျကျသိနေကြတဲ့အနေအထားမျိုးမှာ မယ်လင်ဒါရဲ့နောက်ဆုံးပေါ်ဇာတ်ရှုပ်နေတဲ့ငနဲကို ဗစ်ခ်ကခြိမ်းခြောက်လိုက်မိရာကနေ ဒီအကြောင်းကို တစ်မြို့လုံးသိကုန်ကြပါတော့တယ်။ အဲ့ဒါကတော့ အရင်မယ်လင်ဒါနဲ့တွဲနေတဲ့လူတစ်ယောက်ကို သူသတ်လိုက်တယ်လို့ဗစ်ခ်ကပြောခဲ့တာပါ။ ဒီအဖြစ်အပျက်ကနေ မသာယာတဲ့သူတို့အိမ်ထောင်ရေးကိုပိုမိုအက်ကြောင်းထင်လာစေပြီးတကယ်တမ်းလဲ အမန်ဒါနားကလူတွေ တစ်ယောက်ပြီးတစ်ယောက် ထိခိုက်သေဆုံးလာကြတဲ့အခါ..။စိတ်ဝင်တစားကြည့်ရှုရမယ့် Thriller ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 4k, 1080p 5.1CH, 720p, 480p […]
  • 4k
  • 3 weeks ago
Movies   Blu-ray   

X (2022)

နာမည်ကျော် ဒိတ်ဒိတ်ကျဲအနုပညာမြောက်ကားတွေ၊ ဝေဖန်ရေးဆရာတွေကော ပရိသတ်တွေပါကြိုက်နှစ်သက်တတ်တဲ့ ဇာတ်ကားတွေကိုမှရွေးချယ်တင်ဆက်တတ်တဲ့ A24 ရဲ့ကားသစ်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ၁၉၇၉ ဝန်းကျင် လူကြီးကြိုက်ရုပ်ရှင်ကားရိုက်မယ့် အဖွဲ့တစ်ဖွဲ့ဟာ တက္ကဆက်တောနယ်ပိုင်းက သက်ကြီးရွယ်အိုလင်မယားပိုင်ဆိုင်တဲ့ လယ်တောအိမ်တစ်လုံးကို ရိုက်ကွင်းအဖြစ်ရွေးချယ်ငှားရမ်းခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအိမ်ရှင်လင်မယားဟာသူတို့ထင်ထားသလို သာမန်အေးချမ်းစွာနေထိုင်တတ်တဲ့ အဘိုးကြီးအဘွားကြီးမဟုတ်မှန်း အသိနောက်ကျသွားတဲ့အချိန်မှာတော့ သူတို့အဖွဲ့သားတွေဟာကြောက်မက်ဖွယ်ကြမ္မာဆိုးနဲ့ရင်ဆိုင်ရဖို့ဖြစ်လာတော့တာပါပဲ။ Slasher Flick တစ်ကားဖြစ်ပေမယ့်နောက်ခံဇာတ်ကြောင်းတွေ၊ တေးဂီတတွေ သရုပ်ဆောင်တွေရဲ့ဇာတ်ကောင်တစ်ယောက်ချင်းစီကိုပါပီပီပြင်ပြင်အချိန်ယူတည်ဆောက်ထားတဲ့ သေသပ်လှပတဲ့ ကားကောင်းတစ်ကားဖြစ်သလို ထိတ်လန့်သည်းဖိုဆရာကြီး Stephen King ကလဲချီးကျူးထားပါသတဲ့။ Rating တွေအနေနဲ့လဲ IMDb: 6.6 Rotten Tomatoes: 96% တို့ရရှိထားတဲ့အတွက်၊ Horror ပရိသတ်တွေကြည့်ကိုကြည့်ရမယ့်ဇာတ်ကားဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA 5.1, 1080p […]
  • 1080p
  • 4 weeks ago
TV Shows   Web-DL   

Criminal Justice (2019)

အိန္ဒိယရဲ့ streaming service တစ်ခုဖြစ်တဲ့ Disney+ Hotstar ရဲ့ Hotstar Special Series ဖြစ်တဲ့ ဒီ Series ဟာ BBC ရဲ့ Criminal Justice ကို remake ထားတာဖြစ်ပြီး Bollywood ရဲ့ နာမည်ကျော် Pankaj Tripathi နဲ့ Jackie Shroff တို့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Mirzapur နဲ့ Sacred Games ကြည့်တဲ့သူတွေကတော့ Tripathi နဲ့ စိမ်းမယ်မထင်ပါဘူး။ အပိုဝင်ငွေရအောင် ညဘက် Taxi ဆွဲနေတဲ့ အာဒိတရရှရ်မားဆိုတဲ့ MBA ကျောင်းသားတစ်ယောက် ညဘက် ကားဆွဲရင်း ဆာနာရာဆိုတဲ့ မိန်းကလေးကို ခရီးပို့ပေးရာကနေ မတော်တဆ လူသတ်မှုနဲ့ကြုံလိုက်ရပါတယ်။ Criminal Justice […]
  • 1080p
  • 4 weeks ago
Movies   Blu-ray   

The Batman (2022)

2022ရဲ့ Hit Movieတစ်ကားဖြစ်တဲ့ The Batmanဟာဆိုရင်ဖြင့် IMDb 8.1/10 နဲ့ပွဲထွက်လာပြီး ဆုတွေလည်းရဖို့ရှိနေပါတယ်။ Twilightထဲကမင်းသားချော Robert Pattinsonက ဆြာဘတ်နေရာမှာ ပါဝင်သရုပ်ဆောင်ထားလို့ ပိုပြီးသဘောကျစရာပါ။ ဇာတ်လမ်းကတော့ ဂေါ့သမ်မြို့မှာ ရစ်ဒလာတစ်ယောက်မွှေနေတာကို ဘတ်မန်းကအဖြေရှာဖြေရှင်းပုံကို ရိုက်ပြထားတာပါပဲ။ ဇာတ်ကားက ၃နာရီကြာမြင့်ပေမဲ့ ပဟေဠိတွေနဲ့လှည့်ကွက်တွေက အချိန်ကုန်မှန်းမသိအောင် ထိန်းပေးသွားပါတယ်။ လူတိုင်းသိပြီးသား ဇာတ်လမ်းဖြစ်တာကြောင့် သိပ်မspoilတော့ပါဘူး။ ကိုယ့်ဟာကိုယ်ပဲ ကြည့်ရှုလိုက်ကြပါဦး။ Robert Pattinsonတစ်ယောက် သွေးစုပ်ဖုတ်ကောင်ဘဝကနေ လင်းနို့ဖြစ်လာဖို့ ၁၅နှစ်ကြာခဲ့တာကြောင့် လင်းနို့ဘဝမှာရော ဘာတွေလုပ်ပြနိုင်ဦးမလဲကို ကြည့်လိုက်ရအောင်ပါနော်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K, 1080p 5.1CH, 1080p TrueHD, 720p, 480p Duration……..: 2h 56m Translator…..: […]
  • 4k
  • 4 weeks ago