Movies   Blu-ray   

The Burning Sea (2021)

၁၉၆၉ မှာနော်ဝေအစိုးရဟာ ကမ္ဘာအကြီးမားဆုံးရေနံမြေတွေထဲက တစ်ခုကို မြောက်ပင်လယ်ဝန်းကျင်မှာရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီကစလို့ကမ်းလွန်ရေနံလောကရဲ့စည်ပင်ဝပြောတဲ့ကာလတစ်ခုကိုဖြတ်ကျော်ကုန်လွန်ခဲ့ပြီး နှစ် ၅၀ ကျော်မှာသဘာဝပတ်ဝန်းကျင်ရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေစတင်ပေါ်ထွန်းလာပါတော့တယ်။ သမုဒ္ဒရာကြမ်းပြင်မှာအက်ကြောင်းပေါ်လာကာ ရေနံတူးစင်တစ်ခုပြိုကျရာက ဆိုဖီယာဦးဆောင်တဲ့သုသေသနသမားတစ်စုဟာ ပျောက်ဆုံးသူတွေ၊မတော်တဆမှုရဲ့နောက်ခံအကြောင်းရင်းတွေကိုရှာဖွေရာကနေ ဒီအဖြစ်အပျက်ဟာ တစ်ကမ္ဘာလုံးမကြုံခဲ့ဖူးသေးအောင် ကြီးမားလှတဲ့ကပ်ဘေးတစ်ခုရဲ့ အစပိုင်းလေးသာရှိသေးတယ်ဆိုတာသိရှိရချိန်မှာတော့..။ နာမည်ကျော် နော်ဝေ disaster movies တွေဖြစ်တဲ့ THE QUAKE and THE WAVE တို့ရဲ့ဖန်တီးရှင်တွေပဲထပ်မံလက်စွမ်းပြထားတာဖြစ်ပါတယ်။ ဟောလိဝုဒ်ကားကြီးတွေလို အထူးပြုလုပ်ချက်တွေ ပြွတ်သိပ်နေအောင်ထည့်မထားပဲဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်၊ အားကောင်းတဲ့ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ ပါသင့်တဲ့အချိန်မှာပါလာတဲ့ special effects တိုင်းဟာလဲ လှပသေသပ်လွန်းပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K TrueHD 7.1, 1080p TrueHD 7.1, 1080p 5.1CH, 720p, […]
  • 4k
  • 3 weeks ago
Movies   Web-DL   

Black Crab (2022)

အနာဂတ်ကမ္ဘာကြီးဟာစစ်ပွဲကြောင့် ယိုယွင်းပျက်စီးနေခဲ့ပြီဖြစ်ပါတယ်။ ပြင်းထန်ကြမ်းတမ်းတဲ့ဆောင်းတွင်းတစ်ခုမှာစစ်သားခြောက်ဦးကို တပ်စခန်းတစ်ခုဆီကိုခေါ်ယူခဲ့ပြီး မစ်ရှင်တစ်ခုပေးအပ်ခဲ့ပါတယ်။ အဲ့ဒီမစ်ရှင်မှာသူတို့သိလိုက်ရတာကတော့ သူတို့ဘက်ကစခန်းတွေ တစ်ခုပြီးတစ်ခုဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ရှုံးဖို့များနေပြီဖြစ်ကြောင်းနဲ့ အဲ့ဒီအခြေအနေကိုပြောင်းလဲနိုင်ဖို့သူတို့ ထမ်းဆောင်ရမယ့်မစ်ရှင်က အသက်သွေးကြောမက အရေးကြီးနေကြောင်းပါပဲ။ သူတို့မစ်ရှင်ကတော့ ရေခဲနေပြီဖြစ်တဲ့ ကျွန်းစုတွေအထက်ကပင်လယ်ပြင်ကိုရေခဲစီးစကိတ်တွေနဲ့ဖြတ်ပြီး ရန်သူ့နယ်မြေတွင်းက ဌာနတစ်ခုကို လျှို့ဝှက်ပက်ကေ့ချ်တစ်ခုသွားရောက်ပို့ဆောင်ပေးရမှာဖြစ်ပါတယ်။ နောက်ထပ်သိထားခဲ့တာကတော့ ဒီမစ်ရှင်ဟာအန္တရာယ်များလွန်းပြီး အသက်ရှင်ကျန်ရစ်ပြီး ပန်းတိုင်အထိရောက်မယ့်သူ နည်းပါးမယ်ဆိုတာပါပဲ။ သူတို့ကိုစောင့်ကြိုနေမယ့် ရေခဲပြင်အောက်ကမမြင်နိုင်တဲ့ အန္တရာယ်၊ဗလာဟင်းလင်းရေခဲပြင်အထက်ကနေအသာစီးချောင်းမြောင်းကြည့်နေမယ့် ရန်သူစနိုက်ပါတွေ စတဲ့ ရန်အထပ်ထပ်ကိုဘယ်လိုရင်ဆိုင်ဖြတ်ကျော်ကြမလဲ? စစ်ပွဲနောက်ခံ Sci-Fi, Thriller ကားကောင်းတစ်ကားဖြစ်တဲ့အတွက် လက်လွတ်မခံသင့်ပါဘူး။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 1080p 5.1CH, 720p, 480p Duration……..: 1h 49m Translator…..: Dreamy Encoder………: MZM Update တွေကြည့်ရအောင် […]
  • 1080p
  • 3 weeks ago
Movies   Web-DL   

Deep Water (2022)

Lolita, Unfaithful တို့လိုဂန္ဓဝင် Erotic Thriller တွေရဲ့ဖန်တီးရှင်ဒါရိုက်တာကြီး Adrian Lyne ရဲ့နောက်ဆုံးပေါ်လက်ရာဖြစ်ပြီး Ben Affleck နဲ့မင်းသမီးချောလေး Ana de Armas တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအနေနဲ့ ဗစ်ခ်နဲ့ မယ်လင်ဒါတို့ဟာ မြို့ငယ်လေးတစ်ခုမှာအခြေချနေထိုင်တဲ့ ဇနီးမောင်နှံဖြစ်ပြီး၊ မယ်လင်ဒါကတော့ယောက်ျားတကာနဲ့အမြဲတစေပွေရှုပ်နေတတ်ပြီး ဗစ်ခ်ကလဲ မသိကျိုးကျွန်ပြုထားတဲ့အတွက် ပတ်ဝန်းကျင်က သူတို့ဆက်ဆံရေးကို နားမလည်နိုင်ဖြစ်နေရပါတယ်။ မြို့ငယ်လေးဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်အတွင်းကျကျသိနေကြတဲ့အနေအထားမျိုးမှာ မယ်လင်ဒါရဲ့နောက်ဆုံးပေါ်ဇာတ်ရှုပ်နေတဲ့ငနဲကို ဗစ်ခ်ကခြိမ်းခြောက်လိုက်မိရာကနေ ဒီအကြောင်းကို တစ်မြို့လုံးသိကုန်ကြပါတော့တယ်။ အဲ့ဒါကတော့ အရင်မယ်လင်ဒါနဲ့တွဲနေတဲ့လူတစ်ယောက်ကို သူသတ်လိုက်တယ်လို့ဗစ်ခ်ကပြောခဲ့တာပါ။ ဒီအဖြစ်အပျက်ကနေ မသာယာတဲ့သူတို့အိမ်ထောင်ရေးကိုပိုမိုအက်ကြောင်းထင်လာစေပြီးတကယ်တမ်းလဲ အမန်ဒါနားကလူတွေ တစ်ယောက်ပြီးတစ်ယောက် ထိခိုက်သေဆုံးလာကြတဲ့အခါ..။စိတ်ဝင်တစားကြည့်ရှုရမယ့် Thriller ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 4k, 1080p 5.1CH, 720p, 480p […]
  • 4k
  • 3 weeks ago
Movies   Blu-ray   

X (2022)

နာမည်ကျော် ဒိတ်ဒိတ်ကျဲအနုပညာမြောက်ကားတွေ၊ ဝေဖန်ရေးဆရာတွေကော ပရိသတ်တွေပါကြိုက်နှစ်သက်တတ်တဲ့ ဇာတ်ကားတွေကိုမှရွေးချယ်တင်ဆက်တတ်တဲ့ A24 ရဲ့ကားသစ်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ၁၉၇၉ ဝန်းကျင် လူကြီးကြိုက်ရုပ်ရှင်ကားရိုက်မယ့် အဖွဲ့တစ်ဖွဲ့ဟာ တက္ကဆက်တောနယ်ပိုင်းက သက်ကြီးရွယ်အိုလင်မယားပိုင်ဆိုင်တဲ့ လယ်တောအိမ်တစ်လုံးကို ရိုက်ကွင်းအဖြစ်ရွေးချယ်ငှားရမ်းခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအိမ်ရှင်လင်မယားဟာသူတို့ထင်ထားသလို သာမန်အေးချမ်းစွာနေထိုင်တတ်တဲ့ အဘိုးကြီးအဘွားကြီးမဟုတ်မှန်း အသိနောက်ကျသွားတဲ့အချိန်မှာတော့ သူတို့အဖွဲ့သားတွေဟာကြောက်မက်ဖွယ်ကြမ္မာဆိုးနဲ့ရင်ဆိုင်ရဖို့ဖြစ်လာတော့တာပါပဲ။ Slasher Flick တစ်ကားဖြစ်ပေမယ့်နောက်ခံဇာတ်ကြောင်းတွေ၊ တေးဂီတတွေ သရုပ်ဆောင်တွေရဲ့ဇာတ်ကောင်တစ်ယောက်ချင်းစီကိုပါပီပီပြင်ပြင်အချိန်ယူတည်ဆောက်ထားတဲ့ သေသပ်လှပတဲ့ ကားကောင်းတစ်ကားဖြစ်သလို ထိတ်လန့်သည်းဖိုဆရာကြီး Stephen King ကလဲချီးကျူးထားပါသတဲ့။ Rating တွေအနေနဲ့လဲ IMDb: 6.6 Rotten Tomatoes: 96% တို့ရရှိထားတဲ့အတွက်၊ Horror ပရိသတ်တွေကြည့်ကိုကြည့်ရမယ့်ဇာတ်ကားဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA 5.1, 1080p […]
  • 1080p
  • 4 weeks ago
Movies   Blu-ray   

Infinite Storm (2022)

Pam Bales ဟာတစ်ခုသောမနက်မှာဝါရှင်တန်တောင်ပေါ်ကို ပုံမှန်အတိုင်းတက်သွားခဲ့မိတဲ့ ဒေသတွင်းရှာဖွေကယ်ဆယ်ရေးအဖွဲ့ရဲ့စေတနာဝန်ထမ်းတစ်ယောက်ပါ။ သတင်းတွေက ခန့်မှန်းထားသလို ရာသီဥတုဖောက်ပြန်စပြုလာချိန် နှင်းတောထဲမှာ စနီကာတစ်ရံကိုသာစီးထားတဲ့လူတစ်ယောက်ရဲ့ခြေရာကိုရှာတွေ့ခဲ့ပါတယ်။ ခြေရာရှင်ကို နှင်းမုန်တိုင်းထဲကြိုးစားရှာဖွေရင်းနဲ့သူတွေ့ခဲ့ရတာ မူးယစ်ဆေးဝါးသုံးစွဲထားသလိုကြောင်စီစီဖြစ်နေတဲ့စိတ်နဲ့လူနဲ့လဲကပ်ဟန်မတူတဲ့၊ နှင်းကိုက်နာဆိုးဝါးစွာခံနေရတဲ့လူငယ်တစ်ယောက်ပါပဲ။ နှင်းမုန်တိုင်းအပြင်းထန်ဆုံးနေရာ၊ အအေးဒဏ်အဆိုးဝါးဆုံးနေရာကနေ သူ့ထက်နှစ်ဆလောက်အလေးချိန်စီးပြီး အသက်ရှင်လိုစိတ်ပါရှိပုံမရတဲ့ လိုလိုလားလား သူ့စကားနားထောင်မှာမဟုတ်တဲ့ လူတစ်ယောက်ကို ကယ်တင်ဖို့သူမဖြစ်ဖြစ်အောင်ကြိုးစားရပါတော့တယ်။ မင်းသမီးကြီး Naomi Watts ဦးဆောင်ပါဝင်ထားပြီး ဖြစ်ရပ်မှန်ကိုအခြေတည်ထားတဲ့ Survival Drama adventure ကားကောင်းတစ်ကားဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA 5.1, 1080p 5.1CH, 720p, 480p Duration……..: 1h 44m Translator…..: Dreamy Encoder………: MZM Update တွေကြည့်ရအောင် Telegram […]
  • 1080p
  • 4 weeks ago
Movies   Blu-ray   

The Contractor (2022)

အထူးအေးဂျင့် ဂျိမ်းဟာပါဟာ အရွယ်မတိုင်ခင်အငြိမ်းစားယူချိန်မှာ အခက်အခဲတွေ့ အကြွေးတွေတင်နေခဲ့ပါတယ်။ သူ့လိုဘဝတူမိတ်ဆွေတစ်ချို့လဲ ဘဝပျက် ကိုယ့်ကိုယ်ကိုသတ်သေမှုတွေနဲ့ ကြုံနေရစဉ်မှာ သူငယ်ချင်းဟောင်းတစ်ယောက်ရဲ့ဆက်သွယ်ပေးမှုနဲ့အတူ သူတို့လိုအထူးတပ်ဖွဲ့အငြိမ်းစားတွေနဲ့ စုပြီးထူထောင်ထားတဲ့ သမ္မတတိုက်ရိုက် အမိန့်နဲ့ လျှို့ဝှက်မစ်ရှင်တွေလုပ်ဆောင်တယ်ဆိုတဲ့အဖွဲ့တစ်ဖွဲ့နဲ့ချိတ်ဆက်မိခဲ့ပါတယ်။ ပထမဆုံးတာဝန်မှာပဲ အလွဲလွဲအချော်ချော် ထိခိုက်မှုများစွာနဲ့ နောက်ကလိုက်သတ်တဲ့သူတွေ၊ သူတို့ဘက်က ထိခိုက်ဆုံးရှုံးရမှုတွေ၊ ဘယ်သူ့ကိုမှယုံကြည်ချင်စရာမရှိတော့တဲ့အခြေအနေတစ်ခုမှာ ဟာပါ တစ်ယောက် သူ့မိသားစုအတွက် ဒီပြဿနာကို အဆုံးထိလိုက်ဖြေရှင်းဖို့ဖြစ်လာပါတော့တယ်။ Wonder Woman ထဲကမမရဲ့ ချစ်သူလေယာဉ်မှူး Chris Pine ဦးဆောင်ပါဝင်ထားတဲ့ Action, Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K, 1080p 5.1CH, 720p, 480p Duration……..: 1h 43m Translator…..: Dreamy Encoder………: […]
  • 4k
  • 4 weeks ago
Movies   Blu-ray   Web-DL   

Ambulance (2022)

ဂုဏ်ထူးဆောင်စစ်ပြန်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဝီလ်ရှာ့ပ်ဟာ သူ့ဇနီးဆေးကုသစရိတ်ကို အသည်းအသန်လိုအပ်နေခဲ့ပါတယ်။ နည်းလမ်းပေါင်းစုံစဉ်းစားမရတဲ့အဆုံး ကာလကြာကွဲကွာနေခဲ့တဲ့ သူ့မွေးစားအစ်ကို ဒန်နီဆီမှာသွားပြီး အကူအညီတောင်းခဲ့ရပါတယ်။ ဒန်နီက သူတောင်းဆိုလာတဲ့ အကူအညီအစား အယ်လ်အေသမိုင်းတစ်လျှောက်အကြီးဆုံးဖြစ်လာမယ့် ဘဏ်ဓားပြမှုကြီးမှာပါဝင်ဖို့သူ့ကိုဆွယ်တဲ့အဆုံး ဝီလ်မငြင်းနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ သူတို့ရဲ့ထွက်ပြေးလွတ်မြောက်ဖို့ အစီအစဉ်တလွဲတချော်ဖြစ်သွားတဲ့နောက်မှာတော့ ဒဏ်ရာရနေတဲ့ ရဲတစ်ယောက်ဆေးဘက်အကူမိန်းကလေးတစ်ယောက်တို့ကိုပါ ဓားစာခံအဖြစ် ခေါ်သွားပြီး ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်။ သူတို့ နောက်ကိုလဲ မြို့ပေါ်က ဥပဒေစိုးမိုးရေးအဖွဲ့မှန်သမျှက ရှိသမျှ အင်အားအကုန်သုံးပြီးတော့ လိုက်လံဖမ်းဆီးတော့မှာပါ။ မိုက်ကယ်ဘေးရဲ့ထုံးစံ အမိုက်စားရိုက်ချက်တွေ Car Chase အလန်းစားတွေနဲ့ တစ်ကားလုံးဝုန်းဒိုင်းကြဲနေအောင်ကြမ်းမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အက်ရှင်ကားကောင်းကြိုက်သူတွေလက်လွတ်မခံသင့်တဲ့ကားပါ။ Format……….: .mp4 & .mkv Quality………..: Blu-ray, Web-DL Resolution….: 4K (Web-DL), 1080p 5.1CH, 1080p FHD, 720p, 480p Duration……..: 2h 16m […]
  • 4k
  • 4 weeks ago
Movies   Blu-ray   

The Batman (2022)

2022ရဲ့ Hit Movieတစ်ကားဖြစ်တဲ့ The Batmanဟာဆိုရင်ဖြင့် IMDb 8.1/10 နဲ့ပွဲထွက်လာပြီး ဆုတွေလည်းရဖို့ရှိနေပါတယ်။ Twilightထဲကမင်းသားချော Robert Pattinsonက ဆြာဘတ်နေရာမှာ ပါဝင်သရုပ်ဆောင်ထားလို့ ပိုပြီးသဘောကျစရာပါ။ ဇာတ်လမ်းကတော့ ဂေါ့သမ်မြို့မှာ ရစ်ဒလာတစ်ယောက်မွှေနေတာကို ဘတ်မန်းကအဖြေရှာဖြေရှင်းပုံကို ရိုက်ပြထားတာပါပဲ။ ဇာတ်ကားက ၃နာရီကြာမြင့်ပေမဲ့ ပဟေဠိတွေနဲ့လှည့်ကွက်တွေက အချိန်ကုန်မှန်းမသိအောင် ထိန်းပေးသွားပါတယ်။ လူတိုင်းသိပြီးသား ဇာတ်လမ်းဖြစ်တာကြောင့် သိပ်မspoilတော့ပါဘူး။ ကိုယ့်ဟာကိုယ်ပဲ ကြည့်ရှုလိုက်ကြပါဦး။ Robert Pattinsonတစ်ယောက် သွေးစုပ်ဖုတ်ကောင်ဘဝကနေ လင်းနို့ဖြစ်လာဖို့ ၁၅နှစ်ကြာခဲ့တာကြောင့် လင်းနို့ဘဝမှာရော ဘာတွေလုပ်ပြနိုင်ဦးမလဲကို ကြည့်လိုက်ရအောင်ပါနော်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K, 1080p 5.1CH, 1080p TrueHD, 720p, 480p Duration……..: 2h 56m Translator…..: […]
  • 4k
  • 4 weeks ago
Movies   Web-DL   

The Black Phone (2022)

အခုနောက်ပိုင်းနှစ်တွေထဲမှာ ထူးခြားတဲ့ အောင်မြင်မှုကိုထိုက်တန်စွာရှားရှားပါးပါးရရှိခဲ့တဲ့ The Black Phone 2022 ဖြစ်ပါတယ်။ ဖင်နီရှောက ရှိုးတိုးရှန့်တန့်အူကြောင်ကြောင်ကောင်လေးဖြစ်ပြီး ကျောင်းမှာအကောင်ကြီးတဲ့ကျောင်းသားတွေကအနိုင်ကျင့်တာမကြာခဏခံရတတ်ပါတယ်။ တစ်နေ့တော့မြို့မှာနာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ဂရပ်ဘာ ဆိုတဲ့ပြန်ပေးဆွဲသမားတစ်ယောက်ရဲ့သားကောင်ဖြစ်ခဲ့ရပြီး အဲ့ဒီပြန်ပေးသမားရဲ့ အသံလုံမြေတိုက်ခန်းထဲမှာချုပ်နှောင်ခံလိုက်ရပါတော့တယ်။ မကြာခင်မှာပဲ နံရံမှာကပ်ထားတဲ့ချိတ်ဆက်ထားခြင်းမရှိတဲ့ အနက်ရောင်ဖုန်းတစ်လုံးကအသံမြည်လာခဲ့ပြီး သူကောက်ကိုင်လိုက်ချိန်မှာတော့ သူ့မတိုင်ခင်ပြန်ပေးဆွဲသတ်ဖြတ်ခံခဲ့ရတဲ့ သားကောင်တွေရဲ့တစ္ဆေတွေကဆက်သွယ်တဲ့ခေါ်ဆိုမှုတွေဖြစ်ကြောင်းသိခဲ့ရပါတယ်။ အဲ့ဒီသားကောင်တွေထဲမှာ သူ့ရဲ့ရှားရှားပါးပါးသူငယ်ချင်းတင်မက၊တစ်ချိန်က သူ့ကိုအနိုင်ကျင်ခဲ့တဲ့သူတွေ၊ခဏတာတွေ့ဆုံခဲ့ဖူးတဲ့သူတွေပါပါဝင်နေပြီးအားလုံးက သူ့လွတ်မြောက်ရေးကိုကူညီကြိုးစားပေးကြပါတော့တယ်။ အောင်မြင်မှုနဲ့ထိုက်တန်အောင် ထူးထူးခြားခြားအပြစ်ပြောစရာနည်းပါးကောင်းမွန်လှတဲ့ ဇာတ်လမ်းဖြစ်ပြီး အစကနေအဆုံးထိ အချိန်ကုန်မှန်းမသိအောင်ဆွဲဆောင်နိုင်တဲ့ လက်လွတ်မခံသင့်တဲ့ကားကောင်းတစ်ကားပါပဲ။ ဘတ်ဂျက် ၁၈ သန်းဝန်းကျင်သာသုံးစွဲခဲ့ပြီး ဝင်ငွေ သန်း ၁၀၀ ကျော်ရရှိခဲ့တဲ့အတွက် နောက်ဆက်တွဲဇာတ်ကားတွေလာနိုင်ဖို့လဲ စီစဉ်နေကြပြီဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 4K, 1080p 5.1CH, 720p, 480p Duration……..: 1h […]
  • 4k
  • 4 weeks ago
Movies   Blu-ray   Web-DL   

The Outfit (2022)

ဇာတ်လမ်းခိုင်မာပြီး အနှစ်အရသာရှိတဲ့ Crime, Drama ကားမျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီကားကကွက်တိပါပဲ။ အပ်ချုပ်သမားတစ်ယောက်ဆိုရင် သူ့ဘဝကြီးကိုအေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေမယ်လို့ပဲ လူတိုင်းစိတ်ကူးမိကြမှာပါ။ ဒါပေမဲ့ ချီကာဂိုမြို့တစ်နေရာက အနောက်တိုင်းဝတ်စုံလက်ရာကောင်းတွေ ချုပ်လုပ်ပေးတဲ့ အင်္ဂလိပ်လူမျိုးကြီးတစ်ယောက်ကတော့ သူ့ဘဝမှာဆန်းကြယ်မှုအစုံ ကြုံလာရမယ်ဆိုတာ ဘယ်ထင်ထားပါ့မလဲ။ ဒါမှမဟုတ် သူထင်ထားလေမလား။ အင်္ဂလိပ်လို့ သူ့ကိုချစ်စနိုးနဲ့ခေါ်ကြတဲ့ ဖောက်သည်တွေထဲမှာ ရွိုင်ဘွိုင်းဦးဆောင်တဲ့ ဘွိုင်းအဖွဲ့သားတွေက သူ့ဆိုင်ရဲ့အမြဲတမ်းဖောက်သည်တွေပါ။ သူတို့က အင်္ကျီချုပ်ဖို့အတွက် ဒီဆိုင်ကိုလာသလို ဆိုင်နောက်ခန်းမှာ ကိုယ်ပိုင်စာတိုက်ပုံးထားပြီး သူတို့အချင်းချင်းလျှို့ဝှက်ဆက်သွယ်ဖို့လည်း လာကြပါသေးတယ်။ ဘွိုင်းအဖွဲ့ရဲ့ အဓိကပြိုင်ဘက်ကတော့ လာဖောင်တိန်းဆိုတဲ့ဂိုဏ်းဖြစ်ပြီး အပြန်အလှန်ရှင်းပစ်နိုင်ဖို့ ကြံစည်နေကြတာပါ။ တစ်ရက်မှာတော့ သူတို့လက်ထဲကို ဘွိုင်းအဖွဲ့ပြောဆိုထားတာကို အသံဖမ်းထားတဲ့တိပ်ခွေတစ်ခု ရောက်လာပါတယ်။ ဘွိုင်းအဖွဲ့ကလည်း ဒီလိုအသံဖမ်းနိုင်အောင် ဘယ်သူကူညီပေးတာလဲဖော်ထုတ်ချင်၊ လာဖောင်တိန်းတို့ကလည်း အဲဒီတိပ်ခွေကိုလိုချင်နဲ့ ပစ်ခတ်မှုတွေဖြစ်ပြီး ဘွိုင်းအဖွဲ့ရဲ့အိမ်ရှေ့မင်းသားလေး ရစ်ချီတစ်ယောက် အပ်ချုပ်ဆိုင်လေးဆီကို သေနတ်ဒဏ်ရာနဲ့ရောက်လာခဲ့ပါတော့တယ်။ အဲဒီကစလို့ […]
  • 4k
  • 4 weeks ago