Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

The Adam Project (2022)

The Adam Project (2022)
106 min|Action, Adventure, Comedy|11 Mar 2022
6.7Rating: 6.7 / 10 from 181,125 usersMetascore: 55
After accidentally crash-landing in 2022, time-traveling fighter pilot Adam Reed teams up with his 12-year-old self for a mission to save the future.

ထွေလာနဲ့တင် စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ Ryan Reynolds ရဲ့ နက်ဖလစ်ကားသစ်ဖြစ်ပါတယ်။ ပျက်ဆီးကိန်းကြုံနေတဲ့ ၂၀၅၀ ကမ္ဘာကနေပိုင်းလော့တစ်ယောက်ဖြစ်တဲ့ Adam Reed ဟာသူ့အချိန်ခရီးသွားယာဉ်ကိုခိုးယူပြီး ၂၀၁၈ က ကယ်ဆယ်ရေးမစ်ရှင်တစ်ခုဆီကိုထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် အလျင်စလိုဖြစ်နေမှုကြောင့်မှားယွင်းပြီး ၂၀၂၂ ကိုရောက်သွားပါတော့တယ်။ အဲ့ဒီအချိန်မှာ သူကိုယ်တိုင်ရဲ့ အသက် ၁၂ အရွယ်ကောင်လေးကိုတွေ့ဆုံအကူအညီတောင်းပြီး လက်ရှိယာဉ်ချို့ယွင်းမှုကိုပြင်ဆင်ဖို့ကြိုးစားရပါတယ်။

တကယ်တမ်းတော့ အတိတ်ကိုပြန်လာပြီးတော့ပြင်ဆင်ဖို့ကြိုးစားမှုဟာ ကြီးမားတဲ့ဆိုးကျိုးတွေဖြစ်ပေါ်ပြီး အန္တရာယ်ကြီးမားပါတယ်။ ဒါတွေကိုသိသိကြီးနဲ့ အဒမ် ဘာကြောင့်စွန့်လွှတ်ခဲ့လဲ? သူပြန်လည်ပြင်ဆင်ဖို့ကြိုးစားတဲ့အတိတ်က ဘာအကြောင်းအရာလဲ ။ အဒမ်နဲ့ အဒမ် နှစ်ယောက်ရင်ဆိုင်ဖြေရှင်းရမှာ ဘယ်လိုပြဿနာတွေဖြစ်မလဲ?

ဇာတ်လမ်းဇာတ်အိမ်ကောင်းသလို CG တွေလဲအရမ်းလှပသေသပ်ပါတယ်။ Ryan Reynolds ထုံးစံကျဉ်းထဲကြပ်ထဲမှာဟာသတွေထိုင်ဖောက်နေတာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ရီနေရဦးမှာပါ။ တကယ်ကိုလက်မလွတ်သင့်တဲ့ဖျော်ဖြေရေးကားကောင်းတစ်ကားပါ။

Mark Ruffalo ,Jennifer Garner, Zoe Saldana စတဲ့ဝါရင့်ဒိတ်ဒိတ်ကြဲတွေကလဲဇာတ်ကိုမြိုင်နေအောင်ပို့ပေးထားပါသေးတယ်။

  • Format……….: .mp4 & .mkv
  • Quality………..: Web-DL
  • Resolution….: 4k 5.1CH, 1080p 5.1CH, 720p, 480p
  • Duration……..: 1h 46m
  • Translator…..: Dreamy
  • Encoder………: MZM

One thought on “The Adam Project (2022)

Leave a Reply

Your email address will not be published.

More to Watch
Movies   Web-DL   

Janhit Mein Jaari (2022)

ဒီဇာတ်ကားလေးကတော့ Comedy, Drama, Romance အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မန်နူဟာခေတ်ပညာတတ်အမျိုးသမီးတစ်ယောက်ဖြစ်ပြီးအိမ်ထောင်ပြုသားမွေးတင်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုရပ်တည်နိုင်တဲ့အမှီခိုကင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်ချင်နေတဲ့သူပါ။ ဒါကြောင့်လည်းသူ့မိဘတွေက အိမ်ထောင်ဖက်တွေ့ပေးဖို့စီစဉ်တာတွေကိုလက်မခံဘဲ အလုပ်ပဲလိုက်ရှာနေခဲ့တာပါ တစ်နေ့မှာတော့မန်နူတစ်ယောက်ကွန်ဒုံးထုတ်တဲ့စက်ရုံမှာ လစာကောင်းကောင်းနဲ့အလုပ်ရခဲ့ပါတယ်။ အိန္ဒိယလူမှုပတ်ဝန်းကျင်ဆိုတာက ထုံးတမ်းစဉ်လာတွေကို အလေးအနက်ထားပြီးအယူသီးတဲ့မိသားစုတွေများပါတယ်။ ကွန်ဒုံးစက်ရုံမှာ အလုပ်လုပ်ဖို့မပြောနဲ့ ဒီကွန်ဒုံးဆိုတဲ့စကားလုံးကိုတောင်ညစ်ညမ်းတယ်လို့သတ်မှတ်ထားတဲ့သူတွေပါ ဒါပေမယ့် မန်နူဟာ ကွန်ဒုံးစက်ရုံမှာ အလုပ်စလုပ်တုန်းက အလုပ်တစ်ခုလိုပဲ သဘောထားရာကနေ အိန္ဒိယနိုင်ငံအတွင်း တရားမဝင်ကိုယ်ဝန်ဖျက်ချမှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ မိန်းကလေးတွေရဲ့ဘဝကို စာနာမိပြီး ကွန်ဒုံးရောင်းတယ်ဆိုတာထက် အမျိုးသမီးအားလုံးကို အသိပညာပေးခဲ့ပါတယ်။ ဒီဇာတ်ကားလေးထဲမှာ မန်နူဟာ လူမှုပတ်ဝန်းကျင်ရဲ့အယူသီးမှု အစွဲကြီးမှုတွေကိုဆန့်ကျင်ပြီးအမျိုးသမီးတွေရဲ့ကျန်းမာရေး ဘေးကင်းရေးအတွက် ဘယ်လိုမျိုးအသိပညာပေးသွားသလဲ။ လူမှုပတ်ဝန်းကျင်ရဲ့တိုက်ခိုက်မှုတွေကို ဘယ်လိုရင်ဆိုင်သွားသလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇတ်ကားလေးဖြစ်လို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: WEb-DL Resolution….: 1080p, 720p, 480p Duration……..: 2h 26m […]
  • 4k
  • 3 weeks ago
Movies   Blu-ray   

Ghostbusters: Afterlife (2021)

Ghostbusters: Afterlife (2021) ဟာတစ်ချိန်ကနာမည်ကျော်ကလေးလူကြီးတွေရဲ့အသည်းကျော်ဖြစ်ခဲ့တဲ့ Ghostbusters နှစ်ကားရဲ့တိုက်ရိုက်နောက်ဆက်တွဲဖြစ်ပါတယ်။ ကြားထဲမှာထွက်ခဲ့သေးတဲ့ နာမည်ကျော်မင်းသမီးတွေနဲ့ Ghostbusters (2016) ကတော့ ဒီ universe မှာမရှိပါဘူး။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ဒုတိယဇာတ်ကားအပြီး ၃၂ နှစ်အကြာမှာ တကိုယ်တည်းမိခင်တစ်ယောက်နဲ့ကလေးနှစ်ယောက်ဟာမြို့ပေါ်မှာဘဝမရပ်တည်နိုင်တော့တဲ့နောက် သူ့ဖခင် ကလေးတွေရဲ့အဘိုးချန်ထားခဲ့တဲ့ တစ်ခုတည်းသောအမွေဆက်ခံရရှိတဲ့ ကြောက်စရာလယ်တောအိမ်ကြီးတစ်ခုကိုပြောင်းရွှေ့လာခဲ့ပါတယ်။ အဲ့ဒီမှာပဲ ရွယ်တူကလေးတွေနဲ့ဝင်မဆန့်ပဲ သိပ္ပံပညာကိုတရားလွန်စိတ်ဝင်စားတဲ့ သမီးငယ်လေး Phoebe ကနေ သူ့အဘိုးဖြစ်သူဟာ တစ်ချိန်က ဂန္ဓဝင် Ghostbusters အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးအခုချိန်မှာ သူ့အဘိုးအသက်ပေးစောင့်ရှောက်သွားခဲ့တဲ့ မဟာရန်သူတော်တွေပြန်ပေါ်ထွက်လာမယ့်အချိန်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့..။ နောက်ဆက်တွဲကားတွေထဲမှာ တော်တော်မိုက်တယ်လို့ပြောရမယ့်ဇတ်ကားဖြစ်ပြီး မူလပရိသတ်တွေရော အခုမှစကြည့်မယ့်ပရိသတ်အသစ်တွေပါ လုံး၀ စိတ်ပျက်စေရမှာမဟုတ်ပါဘူး။ တောက်လျှောက်ပျော်စရာဟာသတွေ အဓိကသရုပ်ဆောင်ကလေးတွေရဲ့ချစ်စရာသဘာဝကျကျအမြူးအသောတွေနဲ့ဖောက်နေပြီး၊ မူရင်းဆရာသမားကြီးတွေရဲ့ cameo နဲ့ နောက်ဆက်တွဲအခန်းတွေက မျက်ရည်ဝိုင်းချင်စရာပါ။ ကလေးတွေကိုဦးစားပေးထားတဲ့အတွက် Stranger Things လို Vibe […]
  • 4k
  • 3 weeks ago
Movies   Blu-ray   

Kingsman: The Secret Service (2014)

ဂျိမ်းစ်ဘွန်းလိုကြမ်းပြီး အထာကျတဲ့အက်ရှင်ခန်းတွေနဲ့ Samuel L. Jackson ကို ဗီလိန်နေရာမှာမြင်တွေ့နိုင်မယ့် ကားကောင်းလေးတစ်ကားကို ညွှန်းပေးချင်ပါတယ်။ IMDb rating7.7/10 အထိ ရရှိထားသလို 2016ရဲ့ Taurus World Stunt Awardအပါအဝင် ဆုစုစုပေါင်းဆယ်ဆုအထိလည်း ရရှိထားပါသေးတယ်။ ဇာတ်လမ်းအကျဥ်းကတော့ နိုင်ငံတကာခေါင်းဆောင်တွေရဲ့အထက်မှာရှိတဲ့ ကင်းစ်မန်းဆိုတဲ့ ကိုယ်ပိုင်သူလျှိုအဖွဲ့ဟာ သူတို့ရဲ့စစ်ဆင်ရေးတွေကို ဘယ်သူမှမသိအောင် အတော်ဆုံးအေးဂျင့်တွေနဲ့ သိုသိုသိပ်သိပ်လှုပ်ရှားပါတယ်။ တစ်ရက်မှာတော့ ကင်းစ်မန်းတစ်ယောက်ရဲ့အမှားကြောင့် အက်ဂ်ဆီရဲ့အဖေဖြစ်သူသေသွားခဲ့ပါတယ်။ ဒါကြောင့် ဝမ်းနည်းကြောင်းလာ​ပြောပြီး အကူအညီလိုရင်တောင်းဖို့ ကင်းစ်မန်းတံဆိပ်လေးကို ပေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာသွားချိန်မှာ အက်ဂ်ဆီလည်းအရွယ်ရောက်လာပြီး ပေပေတေတေနေတဲ့ လူဆိုးလေးအဖြစ်နေထိုင်ရင်း တစ်ရက်တော့ရဲဖမ်းခံရပါတယ်။ ရဲလက်ကလွတ်အောင် ကြံရာမရတဲ့အဆုံး သူ့ဆီမှာရှိတဲ့ကင်းစ်မန်းဖုန်းနံပါတ်ကို ဆက်သွယ်လိုက်ချိန်မှာတော့ အက်ဂ်ဆီရဲ့ဘဝ တစ်ထစ်ချိုးပြောင်းလဲသွားပါတော့တယ်။ ဒီလိုနဲ့ဘဲ ကင်းစ်မန်းနဲ့ရေစက်ဆုံလာတဲ့ အက်ဂ်ဆီတစ်ယောက် အခက်ခဲဆုံးလေ့ကျင့်မှုတွေကို ကျော်ဖြတ်ပြီး ကင်းစ်မန်းတစ်ယောက် ဖြစ်လာမှာလား။ […]
  • 4k
  • 3 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)