Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

The Batman (2022)

The Batman (2022)
176 min|Action, Crime, Drama|04 Mar 2022
7.9Rating: 7.9 / 10 from 541,715 usersMetascore: 72
When a sadistic serial killer begins murdering key political figures in Gotham, Batman is forced to investigate the city's hidden corruption and question his family's involvement.

2022ရဲ့ Hit Movieတစ်ကားဖြစ်တဲ့ The Batmanဟာဆိုရင်ဖြင့် IMDb 8.1/10 နဲ့ပွဲထွက်လာပြီး ဆုတွေလည်းရဖို့ရှိနေပါတယ်။ Twilightထဲကမင်းသားချော Robert Pattinsonက ဆြာဘတ်နေရာမှာ ပါဝင်သရုပ်ဆောင်ထားလို့ ပိုပြီးသဘောကျစရာပါ။

ဇာတ်လမ်းကတော့ ဂေါ့သမ်မြို့မှာ ရစ်ဒလာတစ်ယောက်မွှေနေတာကို ဘတ်မန်းကအဖြေရှာဖြေရှင်းပုံကို ရိုက်ပြထားတာပါပဲ။ ဇာတ်ကားက ၃နာရီကြာမြင့်ပေမဲ့ ပဟေဠိတွေနဲ့လှည့်ကွက်တွေက အချိန်ကုန်မှန်းမသိအောင် ထိန်းပေးသွားပါတယ်။

လူတိုင်းသိပြီးသား ဇာတ်လမ်းဖြစ်တာကြောင့် သိပ်မspoilတော့ပါဘူး။ ကိုယ့်ဟာကိုယ်ပဲ ကြည့်ရှုလိုက်ကြပါဦး။ Robert Pattinsonတစ်ယောက် သွေးစုပ်ဖုတ်ကောင်ဘဝကနေ လင်းနို့ဖြစ်လာဖို့ ၁၅နှစ်ကြာခဲ့တာကြောင့် လင်းနို့ဘဝမှာရော ဘာတွေလုပ်ပြနိုင်ဦးမလဲကို ကြည့်လိုက်ရအောင်ပါနော်။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray
  • Resolution….: 4K, 1080p 5.1CH, 1080p TrueHD, 720p, 480p
  • Duration……..: 2h 56m
  • Translator…..: Cyanide
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Web-DL   

Prey (2022)

နာမည်ကျော် Predator ဇာတ်ကားတွဲတွေရဲ့ Origin Story ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်သုံးရာဝန်းကျင်လောက်က Native American Tribe တစ်ခုဖြစ်တဲ့ Comanche မျိုးနွယ်စုဆီက နာရူးဆိုတဲ့ စစ်သည်တော်မုဆိုးကောင်မလေးတစ်ယောက်နဲ့ကမ္ဘာမြေပေါ်ပထမဆုံးခြေချမိတဲ့ အဆင့်မြင့် Predators တွေနဲ့ရင်ဆိုင်တိုက်ခိုက်ကြပုံဖြစ်ပါတယ်။ ဇာတ်လမ်းမဆန်းပြားပေမယ့် သတ်ဖြတ်ခန်းတွေရေလည်မိုက် ရေလည်ကြမ်းပြီး Predator ဇာတ်ကားတွေရဲ့အရသာကိုအစဉ်အလာမပျက်ခံစားရမယ့်ဇာတ်ကားပါပဲ။ Predator ဇာတ်ကားတွဲတွေအားလုံးထဲမှာ Rating အမြင့်ဆုံးဇာတ်ကားအဖြစ်လတ်တလောရပ်တည်နေပါတယ်။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 4k 5.1CH, 080p 5.1CH, 720p, 480p Duration……..: 1h 39m Translator…..: Dreamy Encoder………: MZM Update တွေကြည့်ရအောင် Telegram ကို Join ထားပါ ShweFlix လင့်သေနေတာရှိရင် […]
  • 4k
  • 4 weeks ago
Movies   Blu-ray   

Hard Hit (2021)

Seong-gyu ဟာဘူဆန်မှာရှိတဲ့ဘဏ်ဌာနခွဲတစ်ခုရဲ့မန်နေဂျာဖြစ်ပြီးတစ်နေ့တော့အလုပ်အသွားမှာ သူ့သားနဲ့သမီးကိုကျောင်းပို့ဖို့ တစ်ခါတည်းခေါ်သွားပါတယ်။ အဲ့ဒီမှာ ကားထဲရောက်နေတဲ့ ဖုန်းတစ်လုံးကနေအမည်မသိခေါ်ဆိုသူတစ်ဦးဆီက ဖုန်းဝင်လာခဲ့ပြီး၊ သူ့ခုံနဲ့ ကလေးတွေထိုင်ခုံအောက်မှာ ဗုံးတွေဆင်ထားပြီးထိုင်ရာကထလိုက်တာနဲ့ဗုံးက အသက်ဝင်လာပြီးပေါက်ကွဲမှာဖြစ်သလို သူခိုင်းတဲ့အတိုင်းမလုပ်ရင်လဲ အဝေးထိန်းခလုတ်နဲ့ဖောက်ခွဲမှာဖြစ်တယ်လို့ ခြိမ်းခြောက်ပါတယ်။ အစပိုင်းမှာ မယုံပေမယ့်လဲ မယုံပဲမနေနိုင်တော့တဲ့အဖြစ်အပျက်မျိုးသူ့မျက်စိရှေ့မှာဖြစ်လာတဲ့နောက်တော့ ဒီလူ့ခိုင်းစေချက်တွေအတိုင်းလိုက်လုပ်ရပါတော့တယ်။ ဒီလိုလိုက်မလုပ်ခင်မှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှု ထူးခြားနေတဲ့သူ့အပြုအမူတွေကြောင့်လဲရဲတွေက သူ့ကိုသံသယတရားခံလို့သတ်မှတ်ပြီး အဘက်ဘက်ကဝိုင်းဝန်ဖမ်းဆီးဖို့ ကြိုးစားလာကြတဲ့အပြင်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားခဲ့တဲ့ သူ့သားငယ်လေးကို ဆေးရုံပို့ဖို့ ကိစ္စကိုပါ တစ်ဖက်ကကြိုးစားရတဲ့အခါ..။ ဒီလူဟာ သူမသိလိုက်ရပဲ သူ့အပေါ်ဘယ်လိုအငြိုးအတေးတွေရှိခဲ့လဲ၊ မသက်ဆိုင်တဲ့သူ့သားသမီးတွေအပေါ်ပါဘာကြောင့် ဒုက္ခပေးချင်ရတာလဲ ပြောတဲ့အတိုင်းကောလုပ်မှာလားဆိုတာတွေကို ရင်တမမနဲ့ရှုစားကြရပါလိမ့်မယ်။ မနှစ်ကကပ်ရောဂါကာလရုံတင်တဲ့ကားတွေထဲကမှ ၁၀ ရက်အတွင်းကြည့်ရှုသူငါးသိန်းကျော်သွားတဲ့ ၂၀၂၁ ရဲ့ပထမဆုံးကိုရီးယားကားပါ။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA 5.1, 1080p 5.1CH, 720p, […]
  • 4k
  • 4 weeks ago
Movies   Blu-ray   

Caught in Time (2020)

၁၉၉၀ ပြည့်လွန်နှစ်များက တရုတ်နိုင်ငံတောင်ပိုင်းမှာ လင်းယုန်ဂိုဏ်းဆိုတဲ့ဓားပြအဖွဲ့တစ်ဖွဲ့သောင်းကျန်းနေချိန်ဖြစ်ပါတယ်။ နည်းစနစ်တွေ ခေတ်ရှေ့ပြေးသလို လေ့ကျင့်မှုကောင်း အညှာအတာကင်းမဲ့ရက်စက်တဲ့ ဒီဂိုဏ်းကို ဦးဆောင်သူကတော့သိမ်းငှက် ဆိုတဲ့ အမည်ဝှက်နဲ့ ဉာဏ်များကောက်ကျစ်သလို ဘယ်သူ့ကိုမှချနင်းဖို့ဝန်မလေးတဲ့ သူတစ်ယောက်ပါပဲ။ သူတို့အဖွဲ့ရဲ့ ဆက်တိုက်ကျူးလွန်လာတဲ့ ရွှေဆိုင် ဘဏ်တိုက် စတိုးဆိုင်ပါမချန် လုယက်မှုတွေနောက်ကိုဇွဲကောင်းကောင်းနဲ့ ဖြိုခွင်းဖို့ထောက်လှမ်းလာတဲ့သူကတော့ ဂျောင်ချန်း ဆိုတဲ့စုံထောက်တစ်ယောက်ပဲဖြစ်ပါတယ်။ ၁၉၉၀ ဝန်းကျင်မှာ အကြီးအကျယ်သောင်းကျန်းခဲ့တဲ့ ကျန်းကျွန်ဆိုတဲ့ဓားပြဂိုဏ်းခေါင်းဆောင်တစ်ဦးရဲ့လုယက်လူသတ်မှုတွေကိုအခြေခံထားတာဖြစ်ပါတယ်။ အစကနေအဆုံးအထိဝေ့ဝိုက်မနေပဲ အက်ရှင်ခန်းအမိုက်စားတွေ၊ ဉာဏ်ကစားခန်းတွေနဲ့ ခပ်သွက်သွက်သွားထားပြီး၊ နောက်ပိုင်း ဟောင်ကောင်ကားတွေလို CG တွေကိုပဲအားကိုးမထားပဲ ပီပြင်ကြမ်းတမ်းလက်တွေ့ကျတဲ့ ရိုက်ချက်တွေကိုတွေ့မြင်ရမှာပါ။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p 5.1CH, 720p, 480p Duration……..: 1h 35m Translator…..: Dreamy Encoder………: MZM […]
  • 4k
  • 4 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)