အခုနောက်ပိုင်းနှစ်တွေထဲမှာ ထူးခြားတဲ့ အောင်မြင်မှုကိုထိုက်တန်စွာရှားရှားပါးပါးရရှိခဲ့တဲ့ The Black Phone 2022 ဖြစ်ပါတယ်။
ဖင်နီရှောက ရှိုးတိုးရှန့်တန့်အူကြောင်ကြောင်ကောင်လေးဖြစ်ပြီး ကျောင်းမှာအကောင်ကြီးတဲ့ကျောင်းသားတွေကအနိုင်ကျင့်တာမကြာခဏခံရတတ်ပါတယ်။ တစ်နေ့တော့မြို့မှာနာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ဂရပ်ဘာ ဆိုတဲ့ပြန်ပေးဆွဲသမားတစ်ယောက်ရဲ့သားကောင်ဖြစ်ခဲ့ရပြီး အဲ့ဒီပြန်ပေးသမားရဲ့ အသံလုံမြေတိုက်ခန်းထဲမှာချုပ်နှောင်ခံလိုက်ရပါတော့တယ်။
မကြာခင်မှာပဲ နံရံမှာကပ်ထားတဲ့ချိတ်ဆက်ထားခြင်းမရှိတဲ့ အနက်ရောင်ဖုန်းတစ်လုံးကအသံမြည်လာခဲ့ပြီး သူကောက်ကိုင်လိုက်ချိန်မှာတော့ သူ့မတိုင်ခင်ပြန်ပေးဆွဲသတ်ဖြတ်ခံခဲ့ရတဲ့ သားကောင်တွေရဲ့တစ္ဆေတွေကဆက်သွယ်တဲ့ခေါ်ဆိုမှုတွေဖြစ်ကြောင်းသိခဲ့ရပါတယ်။ အဲ့ဒီသားကောင်တွေထဲမှာ သူ့ရဲ့ရှားရှားပါးပါးသူငယ်ချင်းတင်မက၊တစ်ချိန်က သူ့ကိုအနိုင်ကျင်ခဲ့တဲ့သူတွေ၊ခဏတာတွေ့ဆုံခဲ့ဖူးတဲ့သူတွေပါပါဝင်နေပြီးအားလုံးက သူ့လွတ်မြောက်ရေးကိုကူညီကြိုးစားပေးကြပါတော့တယ်။
အောင်မြင်မှုနဲ့ထိုက်တန်အောင် ထူးထူးခြားခြားအပြစ်ပြောစရာနည်းပါးကောင်းမွန်လှတဲ့ ဇာတ်လမ်းဖြစ်ပြီး အစကနေအဆုံးထိ အချိန်ကုန်မှန်းမသိအောင်ဆွဲဆောင်နိုင်တဲ့ လက်လွတ်မခံသင့်တဲ့ကားကောင်းတစ်ကားပါပဲ။
ဘတ်ဂျက် ၁၈ သန်းဝန်းကျင်သာသုံးစွဲခဲ့ပြီး ဝင်ငွေ သန်း ၁၀၀ ကျော်ရရှိခဲ့တဲ့အတွက် နောက်ဆက်တွဲဇာတ်ကားတွေလာနိုင်ဖို့လဲ စီစဉ်နေကြပြီဖြစ်ပါတယ်။
- Format……….: .mp4 & .mkv
- Quality………..: Web-DL
- Resolution….: 4K, 1080p 5.1CH, 720p, 480p
- Duration……..: 1h 43m
- Translator…..: Dreamy
- Encoder………: MZM



I can’t download this movie.
Link is error…
What kind of error? All links are still active.