The Falconer (2021)

The Falconer (2021)

0 251
The Falconer (2021)
The Falconer (2021)
2 min|Drama|16 Sep 2022
Rating: Metascore: N/A
Follows Tariq and Cai, two best friends who work together at a zoo, but their friendship is challenged when Tariq plans to steal animals from the zoo and sell them to save her sister from an abusive marriage.
YouTube video

ဒီဇာတ်ကားလေးကတော့ Drama အမျိုးအစားဖြစ်ပါတယ်။ Drama အမျိုးအစားဆိုပေမဲ့ ၁၅၀၀ အချစ်မဟုတ်ပဲ သူငယ်ချင်းသံယောဇဉ်၊ တိရိစ္ဆာန်အပေါ်မှာထားတဲ့သံယောဇဉ်တွေကို ပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။

ဇာတ်လမ်းအကျဉ်းလေးကတော့ တာရစ်နဲ့ဆိုင်ဆိုတာ အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေပါ။ သူတို့က တိရိစ္ဆာန်ချစ်တတ်သူတွေဖြစ်တဲ့အတွက် တိရိစ္ဆာန်ရုံမှာ အလုပ်သင်အနေနဲ့လုပ်နေကြတာပါ။ တစ်နေ့မှာတော့ တာရစ်ရဲ့ညီမဖြစ်သူကို သူ့အဖေက အိမ်ထောင်ချပေးလိုက်ပြီး သူ့ညီမရဲ့ယောကျာ်းဖြစ်သူက အရမ်းကိုဆိုးရွားတဲ့အတွက် သူ့ယောကျာ်းနဲ့ကွာရှင်းချင်တယ်ဆိုပြီး တာရစ်ကိုအကူအညီတောင်းလာတော့ လက်ထပ်ပွဲတုန်းက ပေးခဲ့ပိုက်ဆံတွေကို ပြန်ပေးရမှာဖြစ်တဲ့အတွက် တာရစ်တစ်ယောက် ငွေတွေအသည်းအသန်ရှာပါတော့တယ်။ သူအလုပ်လုပ်နေတဲ့ တိရိစ္ဆာန်ရုံကတိရိစ္ဆာန်လေးတွေကိုခိုးရောင်းပြီး ပိုက်ဆံစုနေပေမဲ့ လိုနေတဲ့ငွေပမဏကအရမ်းကိုများတာမို့ မပြည့်နိုင်ဖြစ်နေပါတယ်။

တစ်နေ့တော့ တိရိစ္ဆာန်ရုံက ဖယ်ကွန်တစ်ကောင်ကို သဘောကျလို့ သူငယ်ချင်းနှစ်ယောက် အတူတူခိုးလာခဲ့ပါတယ်။ ဖယ်ကွန်တွေဟာ အမဲလိုက်သတ္တဝါတွေဖြစ်ပေမဲ့ လှောင်ပိတ်ခံထားရပြီး အပြင်ကိုလွှတ်ပေးလိုက်ရင် အမဲလည်းမလိုက်နိုင် ရှင်လည်းမရှင်သန်နိုင်ပါဘူး။

တာရစ်နဲ့ဆိုင် သူငယ်ချင်းနှစ်ယောက် ဖယ်ကွန်တစ်ကောင်ကို အပြင်လောကမှာ ရှင်သန်နိုင်အောင် လေ့ကျင့်ပေးကြတဲ့ ဇာတ်လမ်းလေးဖြစ်လို့ တိရိစ္ဆာန်ချစ်တဲ့သူတွေအတွက် အကြိုက်တွေ့မယ့် ကားကောင်းတစ်ကားပါပဲ။

  • Format……….: .mp4 & .mkv
  • Quality………..: WEB-DL
  • Resolution….: 1080p, 720p, 480p
  • Duration……..: 1h 40m
  • Translator…..: MCEC
  • Encoder………: MZM
Subscribe
Notify of
The Falconer (2021)
0 Comments
Inline Feedbacks
View all comments