မင်းသားကြီးKeanu Reevesအဓိကပါဝင်ထားတဲ့ Matrix Resurrectionsကတော့ ပထမထွက်ပြီးသား Matrix Trilogyကိုနားလည်ထားရင် ပိုကြည့်လို့အဆင်ပြေပါမယ်။ ဒီတော့ Matrixသမိုင်းကို အကျဥ်းဆုံးပြောရရင် လူသားတွေတီထွင်ထားတဲ့ AI စနစ်တွေက လူသားတွေထက်အသိဥာဏ်အများကြီး သာလွန်နေတဲ့လောကတစ်ခုမှာ Matrixဆိုတဲ့ကမ္ဘာတစ်ခုကိုကုဒ်ရေးပြီး လူသားတွေရဲ့သိစိတ်ကို စက်တွေကအကျဥ်းချထားခဲ့ပါတယ်။ အဲဒီကမ္ဘာထဲကလူတွေက ဘယ်ဟာကအစစ်အမှန်ဆိုတာမသိတော့ဘဲ ချီးတွင်းထဲကဝက်တွေလို ပျော်ပျော်ကြီးဘဝကိုဖြတ်သန်းနေကြပါတော့တယ်။ ဒါပေမဲ့ သူတို့တွေအဲဒီကမ္ဘာကိုဘယ်လိုပဲပြီးပြည့်စုံအောင်ဖန်တီးပါစေ လူအနည်းအကျဥ်းကတော့ အတုအယောင်မှန်းသိလာကြပြီး ထွက်ပြေးဖို့ကြိုးစားတာတွေ၊ စစ်ဖြစ်တာတွေက ပထမတွဲတွေမှာပါပြီးသားပါ။ ဒီလိုerrorတွေအကုန်လုံးကို ထိန်းချုပ်နိုင်ဖို့အတွက် The Oneဆိုတဲ့ နီယိုကိုဖန်တီးခဲ့ပါတယ်။ နီယိုဆိုတာ ပရိုဂရမ်တစ်ခုတော့မဟုတ်ပါဘူး။ မေးထရစ်ကုဒ်တွေကို ဦးနှောက်ထဲထည့်သွင်းခံရပြီး စက်တွေဆီမှာမျိုးဗီဇပြောင်းခံထားရတဲ့သူလို့ခေါ်ရင် ပိုနီးစပ်မယ်ထင်ပါတယ်။ အဲဒီလိုပြုပြင်ခံထားရတာကြောင့် မေးထရစ်ရဲ့အချက်အလက်တွေထဲ ဖောက်ဝင်နိုင်စွမ်းရှိပြီး စိတ်ကြိုက်လည်းမွမ်းမံနိုင်ပါတယ်။ ဒါကြောင့်ပဲသူ့ကို လူသားအားလုံးကိုကယ်တင်မယ့်လူလို့ Zionတွေက ယုံကြည်ထားတာပါ။ ဒါပေမဲ့ နောက်ဆုံးဇာတ်လမ်းမှာတုန်းက နီယိုတစ်ယောက် သူ့ချစ်သူထရစ်နီတီကိုရွေးချယ်ခဲ့ပြီး စက်ရုပ်မြို့တော်ထိရောက်အောင်သွားပြီးမှ အသေခံသွားခဲ့တာပါ။
ဒါပေမဲ့ Resurrectionsဆိုတဲ့အတိုင်း နီယွန်ကမသေဘဲနဲ့ ပြန်ပေါ်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ သူ့ရဲ့တည်ရှိမှုကြောင့် မေးထရစ်လောကမှာ ဘယ်လိုတွေကြုံရမလဲ။ ဒီတစ်ခါရော နီယွန်တစ်ယောက် ဘာကိုရွေးချယ်သွားမလဲဆိုတာတော့ ဒီထဲမှာဆက်ရှုစားရမှာပါ။
- Format……….: .mp4 & .mkv
- Quality………..: BLu-ray
- Resolution….: 4K TrueHD 7.1, 1080p TrueHD 7.1, 1080p 5.1CH, 720p, 480p
- Duration……..: 2h 28m
- Translator…..: Cyanide
- Encoder………: MZM
SD
UTB
GD
Thirteen Lives (2022)
Encanto (2021)
The Stronghold (2021)