Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

The Outfit (2022)

The Outfit (2022)
105 min|Crime, Drama, Mystery|18 Mar 2022
7.1Rating: 7.1 / 10 from 27,529 usersMetascore: 69
An expert cutter must outwit a dangerous group of mobsters in order to survive a fateful night.

ဇာတ်လမ်းခိုင်မာပြီး အနှစ်အရသာရှိတဲ့ Crime, Drama ကားမျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီကားကကွက်တိပါပဲ။

အပ်ချုပ်သမားတစ်ယောက်ဆိုရင် သူ့ဘဝကြီးကိုအေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေမယ်လို့ပဲ လူတိုင်းစိတ်ကူးမိကြမှာပါ။ ဒါပေမဲ့ ချီကာဂိုမြို့တစ်နေရာက အနောက်တိုင်းဝတ်စုံလက်ရာကောင်းတွေ ချုပ်လုပ်ပေးတဲ့ အင်္ဂလိပ်လူမျိုးကြီးတစ်ယောက်ကတော့ သူ့ဘဝမှာဆန်းကြယ်မှုအစုံ ကြုံလာရမယ်ဆိုတာ ဘယ်ထင်ထားပါ့မလဲ။ ဒါမှမဟုတ် သူထင်ထားလေမလား။

အင်္ဂလိပ်လို့ သူ့ကိုချစ်စနိုးနဲ့ခေါ်ကြတဲ့ ဖောက်သည်တွေထဲမှာ ရွိုင်ဘွိုင်းဦးဆောင်တဲ့ ဘွိုင်းအဖွဲ့သားတွေက သူ့ဆိုင်ရဲ့အမြဲတမ်းဖောက်သည်တွေပါ။ သူတို့က အင်္ကျီချုပ်ဖို့အတွက် ဒီဆိုင်ကိုလာသလို ဆိုင်နောက်ခန်းမှာ ကိုယ်ပိုင်စာတိုက်ပုံးထားပြီး သူတို့အချင်းချင်းလျှို့ဝှက်ဆက်သွယ်ဖို့လည်း လာကြပါသေးတယ်။ ဘွိုင်းအဖွဲ့ရဲ့ အဓိကပြိုင်ဘက်ကတော့ လာဖောင်တိန်းဆိုတဲ့ဂိုဏ်းဖြစ်ပြီး အပြန်အလှန်ရှင်းပစ်နိုင်ဖို့ ကြံစည်နေကြတာပါ။ တစ်ရက်မှာတော့ သူတို့လက်ထဲကို ဘွိုင်းအဖွဲ့ပြောဆိုထားတာကို အသံဖမ်းထားတဲ့တိပ်ခွေတစ်ခု ရောက်လာပါတယ်။ ဘွိုင်းအဖွဲ့ကလည်း ဒီလိုအသံဖမ်းနိုင်အောင် ဘယ်သူကူညီပေးတာလဲဖော်ထုတ်ချင်၊ လာဖောင်တိန်းတို့ကလည်း အဲဒီတိပ်ခွေကိုလိုချင်နဲ့ ပစ်ခတ်မှုတွေဖြစ်ပြီး ဘွိုင်းအဖွဲ့ရဲ့အိမ်ရှေ့မင်းသားလေး ရစ်ချီတစ်ယောက် အပ်ချုပ်ဆိုင်လေးဆီကို သေနတ်ဒဏ်ရာနဲ့ရောက်လာခဲ့ပါတော့တယ်။ အဲဒီကစလို့ ပြဿနာတွေက ပိုပိုကြီးလာပြီး ဘယ်လိုဆက်ဖြစ်ကုန်မလဲဆိုတာကို plot twist after plot twist တွေတစ်ပုံကြီးနဲ့ ကြည့်ရမယ့်ကားကောင်းလေးပါ။ ဇာတ်ကားရဲ့နောက်ဆုံးစက္ကန့်ရောက်တဲ့အထိ မှန်းဆလို့မရစေဘဲ ဇာတ်ကွက်တစ်ခုချင်းစီကို လှလှပပ ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ သဘောကျကြမယ်ထင်ပါတယ်နော်။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray, Web-DL
  • Resolution….: 4K (Web-DL), 1080p 5.1CH, 720p, 480p
  • Duration……..: 1h 45m
  • Translator…..: Cyanide
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Blu-ray   

See for Me (2022)

ဆိုဖီက ငယ်ရွယ်တဲ့နှင်းလျှောစီးသမားဟောင်းတစ်ဦးဖြစ်ပြီး အခုချိန်မှာ အချိန်ပိုင်းအလုပ်တွေလုပ်နေပါတယ်။ တစ်နေ့တော့ ဝေးလံတဲ့နယ်ဘက်က ဇိမ်ခံအိမ်ကြီးတစ်လုံးကို အိမ်ရှင်မ ခရီးထွက်ခိုက်တစ်ယောက်တည်းစောင့်ပေးရဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနေ့ညနေပိုင်းကမှ သူထည့်လိုက်တဲ့ “See For Me” ဆိုတဲ့ App အသစ်ကတစ်ဆင့် မျက်မမြင်တွေကို ဗီဒီယိုကောလ်နဲ့လမ်းညွှန်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ကယ်လီဆိုတဲ့ကောင်မလေးနဲ့ သိကျွမ်းခဲ့ပါတယ်။ အဲ့ဒီမတော်တဆဖြစ်ရပ်လေးဟာ သူ့အတွက်ဘုရားသခင်စောင်မလိုက်တဲ့ကံကောင်းခြင်းတစ်မျိုးပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီညမှာပဲ လက်နက်ကိုင်လူတစ်စုဟာ ဒီအိမ်ထဲမှာဝှက်ထားတဲ့ငွေတိုက်သေတ္တာထဲကငွေတွေကိုလာလုယက်ရာကနေ သူ့ကိုတွေ့သွားခဲ့တာကြောင့်ပါ။ သူစိမ်းယောက်ျားလက်နက်ကိုင်တွေနဲ့ မျက်မမြင်မိန်းကလေးတစ်ယောက်၊ သူ့ဘက်ကဗီဒီယိုကောလ်နဲ့လမ်းညွှန်ပေးမယ့် ကယ်လီအကူအညီနဲ့ ဒီလူတွေကိုတွန်းလှန်တိုက်ခိုက်ရတော့မှာပါ။ နောက်ထပ်ကံကောင်းတဲ့အချက်က ကယ်လီဟာစစ်ပြန်တစ်ယောက်ဖြစ်နေတာပါပဲ။ အိမ်ထဲကိုလူဆိုးတွေဝင်လာပြီး ဒုက္ခိတတစ်ယောက်နဲ့ ရင်ဆိုင်တိုက်ခိုက်ရတဲ့ကားတွေထဲမှာပထမဆုံးမဟုတ်ပေမယ့် သူ့နည်းသူ့ဟန်နဲ့ကွဲထွက်နေပြီး သပ်ရပ်လှပတဲ့ဇာတ်လမ်းဖွဲ့စည်းပုံအလှည့်အပြောင်းတွေနဲ့ သည်းထိတ်ရင်ဖိုရှုစားရမယ့် Canadian thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA […]
  • 4k
  • 4 weeks ago
Movies   Blu-ray   

Shut In (2022)

ဂျက်ဆီကာဟာငယ်ငယ်ရွယ်ရွယ်နဲ့မိခင်တစ်ယောက်ဖြစ်ခဲ့သလို မူးယစ်ဆေးနွံပါနစ်ခဲ့ဖူးပေမယ့်အခုချိန်မှာတော့သူ့ရဲ့လူမမယ်ကလေးငယ်နှစ်ဦးနဲ့အတူဘဝကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေပါတယ်။ ရေကြည်ရာတစ်ခုရှာပြီးအလုပ်သွားလုပ်တော့မယ့်၊ အတိတ်ဟောင်းကနေရုန်းထွက်ဖို့ကြိုးစားတော့မယ့်အချိန်မှာပဲ တစ်ချိန်ကသူ့ရည်းစားဟောင်းကလေးတွေရဲ့အဖေဆေးသမား ရော့ဘ် နဲ့ သူ့ဘော်ဒါတစ်ယောက်ရောက်လာခဲ့ပြီးပြဿနာတွေရှာ စကားများရာကနေ ဂျက်ဆီကာ့ကိုမီးဖိုခန်းထဲမှာထည့်ပိတ်ထားခဲ့ပြီးပြန်ထွက်သွားပါတော့တယ်။ ပြဿနာက အဲ့ဒီမှာစတာပါ၊ ဘယ်သူမှမရှိတဲ့အချိန်ပြန်ရောက်လာတဲ့သူကတော့ကလေးသူငယ်တွေအပေါ်လိင်စော်ကားမှုရာဇဝင်ရှိခဲ့တဲ့ ဆမ်မီဆိုတဲ့ဆေးသမားပါ။ ဂျက်ဆီကာ အထဲမှာပိတ်မိနေချိန် ဒီလိုလူယုတ်မာတစ်ယောက်နဲ့ အပြင်မှာကူကယ်ရာမဲ့နေတဲ့ကလေးငယ်နှစ်ယောက်ကို ဘယ်လိုကယ်တင်မလဲ? ကလေးတွေရဲ့ဖခင်ဆေးသမားကရော ကူညီမယ့်သူလားကြံရာပါပဲလား? အဘက်ဘက်ထွက်ပေါက်မဲ့နေရတဲ့အခြေအနေကနေဂျက်ဆီကာဘယ်လိုလွတ်အောင်ရုန်းမလဲ? Shut In က အခုနောက်ပိုင်းထွက်တဲ့ Home Invasion Thriller တွေထဲမှာတော်တော်ကြီးကိုကောင်းတဲ့၊ ပြည့်စုံတဲ့ဇာတ်ကားပါ၊ အဓိကဇာတ်ဆောင်ဟာကိုယ်ခံပညာအခြေခံဘာညာတွေကိုကျွမ်းကျင်တဲ့သူမျိုးလဲမဟုတ်ပဲ၊ သားသမီးဇောသက်သက်နဲ့ ဒီအကျဉ်းအကျပ်ထဲကလွတ်အောင်ရုန်းကန်လှုပ်ရှားရတာ၊ ပြီးတော့ ပံ့ပိုးပေးလာတဲ့အခြေအနေတွေကိုတစ်စချင်းထည့်ပြသွားတာတွေလဲအတော်စေ့စပ်ပြီးလှပါတယ်။ မဖြစ်မနေချီးကျူးရမှာကတော့ အဓိကဇာတ်ဆောင် Rainey Qualley ဖြစ်ပြီး သူ့ရဲ့အားကောင်းလှတဲ့ သရုပ်ဆောင်ချက်တွေက တစ်ကားလုံးကိုထိန်းသွားတာကိုတွေ့မြင်ရမှာပါ။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA 5.1, […]
  • 4k
  • 4 weeks ago
Movies   Web-DL   

Moloch (2022)

ဒီဇာတ်ကားလေးကတော့ Horror အမျိုးအစားဖြစ်ပြီး သရဲကားတို့ လူသတ်ကားတို့ကြိုက်နှစ်သက်တဲ့သူတွေအတွက် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Moloch ဆိုတာ ကလေးယစ်ပူဇော်တဲ့နတ်ဘုရားတစ်ပါးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘစ်ထရိခ်ဟာ နယ်သာလန်မြောက်ပိုင်း အစွန်အဖျားမှာ သူ့မိသားစုနဲ့အတူ နေထိုင်ပါတယ်။ တစ်ညမှာတော့ လူစိမ်းတစ်ယောက်က သူ့မိသားစုကိုသတ်ဖို့ကြိုးစားပါတော့တယ်။ အဲဒီတော့ ဘစ်ထရိခ်က ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းရင်း Moloch နတ်ဘုရားနဲ့ အပေးအယူလုပ်ခဲ့တဲ့ ဖိုက်ကီရဲ့ဒဏ္ဍာရီနဲ့ဆက်စပ်မှုရှိနေတာကိုသိလိုက်ရပါတယ်။ အဲဒီအချိန်ကစပြီး ဘစ်ထရိခ်တစ်ယောက် သူ့မိသားစုကို အန္တရာယ်ကနေ ဘယ်လိုကာကွယ်ပေးမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားလိုက်ပါ။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 1080p, 720p, 480p Duration……..: 1h 39m Translator…..: MCEC Encoder………: MZM Update တွေကြည့်ရအောင် Telegram […]
  • 4k
  • 4 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)