The Retaliators (2022)

The Retaliators (2022)

0 707
The Retaliators (2022)
The Retaliators (2021)
95 min|Horror, Thriller|14 Sep 2022
5.2Rating: 5.2 / 10 from 747 usersMetascore: 48
An upstanding pastor uncovers a dark and twisted underworld as he searches for answers surrounding his daughter's brutal murder.
YouTube video

ဒီနှစ်အတွက်ထွက်လာခဲ့တဲ့ ဟော်လိုဝင်းကာလရုပ်ရှင်တွေထဲကနောက်တစ်ကားဖြစ်ပါတယ်၊ ဒီကားကတော့ Horror ထက် Action/Thriller ဘက်ကိုသွားထားပါတယ်။

ဂျွန်ဘစ်ရှော့ဟာ သင်းအုပ်ဆရာတစ်ယောက်ဖြစ်သလိုတည်ငြိမ်အေးဆေးတဲ့ ရန်ကိုရန်ချင်းမတုန့်နှင်းတတ်တဲ့ရွှေပြည်အေးသမားတစ်ယောက်ဖြစ်လို့ ဆယ်ကျော်သက်သမီးငယ်ရဲ့အားမလိုအားမရ အငေါ်တူးတာကိုခံရတတ်ပါတယ်။ ခရစ်စမတ်ညတစ်ခုမှာတော့ သူ့သမီးအတင်းပူဆာနေတဲ့ သူငယ်ချင်းတွေရဲ့ ပါတီကို စိတ်မချတဲ့ကြားကလွှတ်လိုက်မိပါတယ်။ အဲ့ဒီညဟာ သူသိပ်ချစ်ရတဲ့သမီးကြီးကိုနောက်ဆုံးတွေ့လိုက်ရတယ်ဆိုတာ သူမသိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့သမီးဟာဓာတ်ဆီဆိုင်မှာ စိတ္တဇလူဆိုးတစ်ယောက်နဲ့ဆုံပြီးနောက်ကနေလိုက်ပါသတ်ဖြတ်တာကိုခံခဲ့ရလို့ပါပဲ။

သမီးသေဆုံးမှုအတွက်နဲ့အရူးတစ်ပိုင်းဖြစ်နေတဲ့သူ့ကို သူ့သမီးအမှုကိုကိုင်တဲ့စုံထောက်က အခွင့်အရေးတစ်ခုကမ်းလှမ်းလာပါတယ်။ အဲ့ဒါကတော့ သူ့သမီးကိုသတ်ခဲ့တဲ့လူသတ်သမားနဲ့နှစ်ယောက်တည်းတွေ့ခွင့်ရရင် ဘာလုပ်မလဲဆိုတာပါပဲ။ အေးချမ်းတဲ့ သာမန်လူတစ်ယောက် သူ့စိတ်ကိုအဆုံးစွန်မောင်းနှင်ခံလိုက်ရတဲ့အခါ၊ ရွေးချယ်စရာနည်းလမ်းမရှိပဲ သူတင်ကိုယ်တင်မိုက်ကြဖို့တစ်လမ်းသာရှိတော့တဲ့အခါ ဂျွန်တစ်ယောက်ဘယ်လိုဆက်လုပ်မလဲ?

Revenge film ကောင်းတစ်ကားဖြစ်ပြီး သတ်တာဖြတ်တာတွေကြမ်းတမ်းရက်စက်သလို ဝတ်လစ်စလစ်ခန်းတစ်ချို့ပါဝင်ပါတယ်။ တင်ဆက်ပုံမြူးကြွသွက်လက်ပြီး သီချင်းကောင်းတွေလဲအများကြီးပါဝင်တဲ့အတွက်ဖျော်ဖြေမှုအပြည့်အဝရနိုင်မယ့်ဇာတ်ကားတစ်ကားပါ။

  • Format……….: .mp4 & .mkv
  • Quality………..: WEB-DL
  • Resolution….: 1080p 5.1CH, 720p, 480p
  • Duration……..: 1h 50m
  • Translator…..: Dreamy
  • Encoder………: MZM
Subscribe
Notify of
The Retaliators (2022)
0 Comments
Inline Feedbacks
View all comments