Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

The Roundup (2022)

The Roundup (2022)
106 min|Action, Crime|18 May 2022
7.2Rating: 7.2 / 10 from 847 usersMetascore: N/A
Followed by Ma Seok-do, who heads to a foreign country to extradite a suspect. However, he discovers additional murder cases and learns about a killer who had committed crimes against tourists for many years.

တစ်နှစ်ကိုတောင်ကိုးရီးယားနိုင်ငံကနေ အရှေ့တောင်အာရှနိုင်ငံတွေကိုထွက်ပြေးသွားတဲ့ တရားခံပြေးပေါင်း ပျမ်းမျှ ၃၀၀ ကျော်ရှိပါတယ်။ အဲဒီလူတွေဟာ ကိုးရီးယားလူမျိုးတွေကိုပစ်မှတ်ထားပြီး လူသတ်မှု ပြန်ပေးဆွဲမှု လုယက်မှုတွေကိုကျူးလွန်တတ်ကြပါတယ်။

Garubong အမှုဖြစ်ပြီး လေးနှစ်အကြာမှာစုံထောက်မာဆုတ်ဒိုနဲ့စခန်းမှူးဂျောင်အီမန်တိုနှစ်ယောက် ဗီယက်နမ်ကတောင်ကိုးရီးယားသံရုံးမှာဖြောင့်ချက်လာပေးတဲ့ ယိုဂျုံဟွန်းဆိုတဲ့သူကိုခေါ်ဖို ဗီယက်နမ်ကိုထွက်လာခဲ့ကြပါတယ်။ သူတိုဗီယက်နမ်ကိုရောက်တဲ့အချိန် ဘာတွေကြုံတွေ့ရမလဲ။ ယိုဂျုံဟွန်းကရော အပြစ်မကင်းတဲ့စိတ်ကြောင့်လာဝန်ခံတာဟုတ်ရဲ့လား။ သူ့မှာဘာလျိုဝှက်ချက်တွေရှိနေဦးမလဲဆိုတာကို စုံစမ်းရင်း ပြန်ပေးဆွဲလူသတ်မှုတစ်ခုနဲ့ပါ ဆက်စပ်နေမှန်းသိသွားတဲ့အခါမှာ စုံထောက်မာတိုသူငယ်ချင်းနှစ်ယောက် ဘယ်လို စုံစမ်းဖော်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ပါပြီ။

အက်ရှင်ခန်းတွေကိုအမိုက်စားရိုက်ကူးထားတဲ့အပြင် တောင်ကိုးရီးယားနိုင်ငံမှာ Covid-19 ရောဂါဖြစ်ပွားမှုအပြီး ဝင်ငွေအများဆုံးရတဲ့ရုပ်ရှင်အဖြစ်သတ်မှတ်ခံထားရတဲ့ ဒီရုပ်ရှင်ဟာ ကြည့်ရှုသူတွေကိုမငြီးငွေ့စေနိုင်မှာတော့ အသေအချာပါပဲ ။

  • Format……….: .mp4 & .mkv
  • Quality………..: Web-DL
  • Resolution….: 1080p 5.1CH, 720p, 480p
  • Duration……..: 1h 46m
  • Translator…..: Summer
  • Encoder………: MZM

One thought on “The Roundup (2022)

Leave a Reply

Your email address will not be published.

More to Watch
Movies   Web-DL   

Janhit Mein Jaari (2022)

ဒီဇာတ်ကားလေးကတော့ Comedy, Drama, Romance အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မန်နူဟာခေတ်ပညာတတ်အမျိုးသမီးတစ်ယောက်ဖြစ်ပြီးအိမ်ထောင်ပြုသားမွေးတင်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုရပ်တည်နိုင်တဲ့အမှီခိုကင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်ချင်နေတဲ့သူပါ။ ဒါကြောင့်လည်းသူ့မိဘတွေက အိမ်ထောင်ဖက်တွေ့ပေးဖို့စီစဉ်တာတွေကိုလက်မခံဘဲ အလုပ်ပဲလိုက်ရှာနေခဲ့တာပါ တစ်နေ့မှာတော့မန်နူတစ်ယောက်ကွန်ဒုံးထုတ်တဲ့စက်ရုံမှာ လစာကောင်းကောင်းနဲ့အလုပ်ရခဲ့ပါတယ်။ အိန္ဒိယလူမှုပတ်ဝန်းကျင်ဆိုတာက ထုံးတမ်းစဉ်လာတွေကို အလေးအနက်ထားပြီးအယူသီးတဲ့မိသားစုတွေများပါတယ်။ ကွန်ဒုံးစက်ရုံမှာ အလုပ်လုပ်ဖို့မပြောနဲ့ ဒီကွန်ဒုံးဆိုတဲ့စကားလုံးကိုတောင်ညစ်ညမ်းတယ်လို့သတ်မှတ်ထားတဲ့သူတွေပါ ဒါပေမယ့် မန်နူဟာ ကွန်ဒုံးစက်ရုံမှာ အလုပ်စလုပ်တုန်းက အလုပ်တစ်ခုလိုပဲ သဘောထားရာကနေ အိန္ဒိယနိုင်ငံအတွင်း တရားမဝင်ကိုယ်ဝန်ဖျက်ချမှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ မိန်းကလေးတွေရဲ့ဘဝကို စာနာမိပြီး ကွန်ဒုံးရောင်းတယ်ဆိုတာထက် အမျိုးသမီးအားလုံးကို အသိပညာပေးခဲ့ပါတယ်။ ဒီဇာတ်ကားလေးထဲမှာ မန်နူဟာ လူမှုပတ်ဝန်းကျင်ရဲ့အယူသီးမှု အစွဲကြီးမှုတွေကိုဆန့်ကျင်ပြီးအမျိုးသမီးတွေရဲ့ကျန်းမာရေး ဘေးကင်းရေးအတွက် ဘယ်လိုမျိုးအသိပညာပေးသွားသလဲ။ လူမှုပတ်ဝန်းကျင်ရဲ့တိုက်ခိုက်မှုတွေကို ဘယ်လိုရင်ဆိုင်သွားသလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇတ်ကားလေးဖြစ်လို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: WEb-DL Resolution….: 1080p, 720p, 480p Duration……..: 2h 26m […]
  • 1080p
  • 2 weeks ago
Movies   Blu-ray   

Ghostbusters: Afterlife (2021)

Ghostbusters: Afterlife (2021) ဟာတစ်ချိန်ကနာမည်ကျော်ကလေးလူကြီးတွေရဲ့အသည်းကျော်ဖြစ်ခဲ့တဲ့ Ghostbusters နှစ်ကားရဲ့တိုက်ရိုက်နောက်ဆက်တွဲဖြစ်ပါတယ်။ ကြားထဲမှာထွက်ခဲ့သေးတဲ့ နာမည်ကျော်မင်းသမီးတွေနဲ့ Ghostbusters (2016) ကတော့ ဒီ universe မှာမရှိပါဘူး။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ဒုတိယဇာတ်ကားအပြီး ၃၂ နှစ်အကြာမှာ တကိုယ်တည်းမိခင်တစ်ယောက်နဲ့ကလေးနှစ်ယောက်ဟာမြို့ပေါ်မှာဘဝမရပ်တည်နိုင်တော့တဲ့နောက် သူ့ဖခင် ကလေးတွေရဲ့အဘိုးချန်ထားခဲ့တဲ့ တစ်ခုတည်းသောအမွေဆက်ခံရရှိတဲ့ ကြောက်စရာလယ်တောအိမ်ကြီးတစ်ခုကိုပြောင်းရွှေ့လာခဲ့ပါတယ်။ အဲ့ဒီမှာပဲ ရွယ်တူကလေးတွေနဲ့ဝင်မဆန့်ပဲ သိပ္ပံပညာကိုတရားလွန်စိတ်ဝင်စားတဲ့ သမီးငယ်လေး Phoebe ကနေ သူ့အဘိုးဖြစ်သူဟာ တစ်ချိန်က ဂန္ဓဝင် Ghostbusters အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးအခုချိန်မှာ သူ့အဘိုးအသက်ပေးစောင့်ရှောက်သွားခဲ့တဲ့ မဟာရန်သူတော်တွေပြန်ပေါ်ထွက်လာမယ့်အချိန်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့..။ နောက်ဆက်တွဲကားတွေထဲမှာ တော်တော်မိုက်တယ်လို့ပြောရမယ့်ဇတ်ကားဖြစ်ပြီး မူလပရိသတ်တွေရော အခုမှစကြည့်မယ့်ပရိသတ်အသစ်တွေပါ လုံး၀ စိတ်ပျက်စေရမှာမဟုတ်ပါဘူး။ တောက်လျှောက်ပျော်စရာဟာသတွေ အဓိကသရုပ်ဆောင်ကလေးတွေရဲ့ချစ်စရာသဘာဝကျကျအမြူးအသောတွေနဲ့ဖောက်နေပြီး၊ မူရင်းဆရာသမားကြီးတွေရဲ့ cameo နဲ့ နောက်ဆက်တွဲအခန်းတွေက မျက်ရည်ဝိုင်းချင်စရာပါ။ ကလေးတွေကိုဦးစားပေးထားတဲ့အတွက် Stranger Things လို Vibe […]
  • 1080p
  • 2 weeks ago
Movies   Web-DL   

The Gray Man (2022)

2022 ထွက် Netflix ရဲ့အသစ်စက်စက် အက်ရှင်ဇာတ်ကားလေးပါ။ ဂရေးမန်းဆိုတာက မှတ်တမ်းမှတ်ရာမရှိ အရိပ်ထဲမှာပဲလှုပ်ရှားကြတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားတွေကိုခေါ်တာပါ။ ကော့တ်လန်း ဂျန်းထရီဆိုတဲ့သူက ထောင်ထဲမှာ ပြစ်ဒဏ်လျော့ပေါ့ပေးမယ်ဆိုပြီး စီအိုင်အေရဲ့ဆီရာပရိုဂရမ်အောက်မှာ လူသစ်စုဆောင်းခံလိုက်ရပါတယ်။ ဆီရာအေးဂျင့်နံပါတ်(၆)အဖြစ်နဲ့ ကျင်လည်‌နေရင်း တစ်ရက်မှာလူတစ်ယောက်ကိုလုပ်ကြံဖို အထက်ကအမိန့်ပေးခဲ့ပါတယ်။ မစ်ရှင်က ထင်သလိုမရိုးရှင်းဘဲ ရှုပ်ထွေးလာတဲ့အခါမှာတော့ ဒီအရှုပ်တော်ပုံထဲက ဘယ်လိုရုန်းထွက်မလဲဆိုတာ လျှိဝှက်သည်းဖိုဆန်ဆန်ကြည့်ရှုရမှာပါ။ ဆီရာ(၆)အနေနဲ့ နာမည်ကြီး Actor Ryan Gosling ကသရုပ်ဆောင်ထားတဲ့အပြင် အချစ်တော် Captain America မင်းသား  Chris Evan ကလည်း ပါ၀င်သရုပ်ဆောင်ထားတာမို အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ Format……….: .mp4 & .mkv Quality………..: Web-DL, Web-rip Resolution….: 4k 5.1CH, 1080p 5.1CH, 720p, 480p Duration……..: […]
  • 1080p
  • 2 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)