ကြီးလေးတဲ့ရာဇဝတ်မှုတစ်ခုအတွက် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရပြီးလွတ်မြောက်လာတဲ့ ရုသ်ဆလိတ်တာ (Sandra Bullock) ဟာလူ့အသိုင်းအဝိုင်းထဲကိုပြန်လည်ဝင်ရောက်ဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ဟာသူ့ကိုခွင့်မလွှတ်နိုင်သေးသလို တစ်ချိန်ကအိမ်လို့သတ်မှတ်ခဲ့တဲ့အရာ မိသားစု သူ့မှာမရှိတော့ ၊ သူ့ဘက်က ရပ်တည်မယ့်သူရှားပါးလှတဲ့ အနေအထားမှာမှ တစ်ဦးတည်းသော သွေးသားရင်းဖြစ်တဲ့ သူ့ညီမလေးနဲ့ အဆက်အသွယ်ပြန်ရဖို့ဖြစ်တဲ့နည်းနဲ့ကြိုးစားပါတော့တယ်၊
ဒါပေမယ့် သူ့ညီမဖြစ်သူဟာ ငယ်ဘဝစိတ်ဒဏ်ရာကြောင့်သူ ဆိုတဲ့အစ်မတစ်ယောက်ရဲ တည်ရှိမှုကို မေ့လျော့နေခဲ့ပြီဖြစ်သလိုတရားဥပဒေကလဲညီမဖြစ်သူအပေါ်ဆက်သွယ်နိုင်ခွင့်ကိုတားမြစ်ထားပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဇွဲနပဲကြီးလှတဲ့ သူ့အနေနဲ့ကတော့ အသက်တမျှချစ်ခင်ရတဲ့ညီမလေးကို ပြန်တွေ့ရဖို့သူအစွမ်းကုန်ဖြစ်တဲ့နည်းနဲ့ကြိုးစားတော့မှာပါ၊
Sandra Bullock အကောင်းဆုံးဦးဆောင်အစွမ်းပြထားပြီး Viola Davis,Vincent D’Onofrio,Jon Bernthal,Linda Emond အစရှိတဲ့ဝါရင့်ဇာတ်ပို့များစွာ အားဖြည့်ပံ့ပိုးထားတဲ့ Crime/ Drama ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်၊ မျက်ရည်လွယ်တဲ့သူတွေတစ်ရှုးလေးဆောင်ပြီးကြည့်ရမှာဆိုတာတော့ ကြိုပြောထားပါရစေ။
- Format……….: .mp4 & .mkv
- Quality………..: Web-rip
- Resolution….: 4K, 1080p 5.1CH, 720p, 480p
- Duration……..: 1h 52m
- Translator…..: Dreamy
- Encoder………: MZM
SD
UTB
GD
Janhit Mein Jaari (2022)
See for Me (2022)
Ghostbusters: Afterlife (2021)