
Marvel ရဲ့ Mini Series တစ်ခုအဖြစ် ထွက်ရှိလာတဲ့ Moon Knight ရဲ့ ပထမဆုံးအပိုင်းလေးထွက်ရှိလာပါပြီ။ Moon Knightဆိုတာ IGNရဲ့ Top 50 Avengersစာရင်းမှာ 49th ချိတ်ထားပြီးတော့ Batmanမှာသာ dissociative identity disorder ဆိုတဲ့ စိတ်နှစ်ခွ၊သုံးခွရောဂါရှိရင် ဖြစ်လာမယ့်ပုံစံမျိုးလို့ သူတို့ကဆိုထားပါတယ်။
Moon Knightဖြစ်ပေါ်လာပုံကတော့ မာ့ခ်စပက်တာဆိုတဲ့ မရိန်းတပ်သားဟာ တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာအကြီးအကျယ်ရကာ Khonshu ဆိုတဲ့ အီဂျစ်လနတ်ဘုရားရဲ့ ဂူသင်္ချိုင်းနားရောက်သွားခဲ့ပါတယ်။ အဲဒီနေရာမှာ သူသေသွားခဲ့ပေမဲ့ ရုတ်တရက်ဆိုသလို အသက်ပြန်ရှင်လာကာ Khonshu လနတ်ဘုရားရဲ့ ဘယ်လက်ရုံးဖြစ်လာပြီး အပြစ်မဲ့လူတွေကိုကာကွယ်ပေးတဲ့ Moon Knight ဆိုပြီးစဖြစ်လာတာပါ။ သူ့ဆီမှာစိတ်နှစ်ခွ၊သုံးခွဖြစ်နေပြီး Steven Grantတို့ Jake Lockley တို့ဆိုတာ သူ့ identity ကွဲတွေပါ။ Moon Knight မှာ အနာဂတ်ကိုမြင်နိုင်စွမ်းအပြင် စူပါပါဝါရယ်လို့ မယ်မယ်ရရမဖော်ပြထားဘဲ အဆင့်မြင့်နည်းပညာတွေ၊ တိုက်ခိုက်မှုစွမ်းရည်တွေကိုသုံးတာလောက်ပဲ တွေ့ရပါတယ်။ ဒါပေမဲ့ သူသေသွားရင်လည်း Khonshu က အသက်ပြန်သွင်းပေးတာကြောင့် လနတ်ဘုရားရဲ့ကာကွယ်မှုရှိသရွေ့ Immortal လို့ပြောနိုင်ပါတယ်။
ဒီကားမှာတော့ စတီဗင်ဂရန့်ဆိုတဲ့ လူနေရာကနေ စရိုက်ပြထားပါတယ်။ သူ့ဘဝမှာအဆင်မပြေမှုတွေနဲ့ စိတ်ပျက်စရာတွေ ပြည့်နေတဲ့အပြင် သူအိပ်နေရင် အခြားလူဖြစ်သွားပြီး ဘယ်မှန်းမသိတဲ့နေရာတွေမှာ နိုးလာတတ်ပါသေးတယ်။ ဒီလိုနဲ့တစ်ရက်မှာ သူနိုးလာတော့ ဘယ်ကမှန်းမသိတဲ့တောင်ပေါ်တစ်နေရာကို ရောက်နေတဲ့အပြင် လက်ထဲမှာလည်း နောက်ချေးပိုးအရုပ်လေးတစ်ရုပ် ရောက်နေပါတယ်။ အဲဒီနောက်ချေးပိုးကိုလည်း အသဲအသန်ပြန်လိုက်တောင်းနေတဲ့လူတွေ သူ့နောက်လိုက်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲကို ရှုစားလိုက်ကြပါဦး။