
နာမည်ကြီး Series တစ်ခုဖြစ်တဲ့ Lord of the Rings Series က 2022 မှာ နောက်ထပ် Series တစ်ခုထွက်ရှိလာပါပြီ။ Series နာမည်ကတော့ The Rings Of Power ဖြစ်ပြီးရှေ့က Series တွေနည်းတူ Rating ကောင်းကောင်းရရှိထားပါတယ်။ အပိုင်းရှစ်ပိုင်းထွက်ရှိမှာဖြစ်ပါတယ်။
ဗာလီနောမှာနေထိုင်တဲ့ ဂလာဒရီရယ်ရဲ့အကိုဟာသူတို့ရဲ့အိမ်ကိုဆာရွန်ဆိုတဲ့အမှောင်လောကမှော်ဆရာကြီးကဖျက်ဆီးခဲ့တဲ့အခါပြန်လည်ခုခံတိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့်သူမရဲ့အကိုဟာကျဆုံးသွားပြီးအကို့ရဲ့တာဝန်ကိုလက်လွှဲယူကာဆာရွန်ကိုနှိမ်နင်းဖို့ဆက်လက်ရှာဖွေခဲ့ပါတယ်။အများစုကတော့ဆာရွန်ဟာပျက်စီးပျောက်ကွယ်သွားပြီးအားလုံးအေးချမ်းသွားပြီလို့ယုံကြည်နေခဲ့ကြပေမဲ့ဂလာဒရီယန်ကတော့မယုံကြည်ပဲသူမရဲ့ယုံကြည်ချက်အတွက်ဆာရွန်ကိုဆက်လက်ရှာဖွေနေခဲ့ပါတယ်။တကယ်တမ်းလဲအမှောင်ခေတ်တွေကပြန်ရောက်လာတဲ့အခါမှာနတ်သူငယ်တွေ လူပုလေးတွေနဲ့လူသားတွေကဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာဒီ Series မှာရှယ်ခံစားကြည့်ရှူရမှာဖြစ်ပါတယ်။