Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

X (2022)

X (2022)
105 min|Horror, Thriller|18 Mar 2022
6.6Rating: 6.6 / 10 from 52,447 usersMetascore: 78
In 1979, a group of young filmmakers set out to make an adult film in rural Texas, but when their reclusive, elderly hosts catch them in the act, the cast find themselves fighting for their lives.

နာမည်ကျော် ဒိတ်ဒိတ်ကျဲအနုပညာမြောက်ကားတွေ၊ ဝေဖန်ရေးဆရာတွေကော ပရိသတ်တွေပါကြိုက်နှစ်သက်တတ်တဲ့ ဇာတ်ကားတွေကိုမှရွေးချယ်တင်ဆက်တတ်တဲ့ A24 ရဲ့ကားသစ်တစ်ကားပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းအနေနဲ့ ၁၉၇၉ ဝန်းကျင် လူကြီးကြိုက်ရုပ်ရှင်ကားရိုက်မယ့် အဖွဲ့တစ်ဖွဲ့ဟာ တက္ကဆက်တောနယ်ပိုင်းက သက်ကြီးရွယ်အိုလင်မယားပိုင်ဆိုင်တဲ့ လယ်တောအိမ်တစ်လုံးကို ရိုက်ကွင်းအဖြစ်ရွေးချယ်ငှားရမ်းခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအိမ်ရှင်လင်မယားဟာသူတို့ထင်ထားသလို သာမန်အေးချမ်းစွာနေထိုင်တတ်တဲ့ အဘိုးကြီးအဘွားကြီးမဟုတ်မှန်း အသိနောက်ကျသွားတဲ့အချိန်မှာတော့ သူတို့အဖွဲ့သားတွေဟာကြောက်မက်ဖွယ်ကြမ္မာဆိုးနဲ့ရင်ဆိုင်ရဖို့ဖြစ်လာတော့တာပါပဲ။

Slasher Flick တစ်ကားဖြစ်ပေမယ့်နောက်ခံဇာတ်ကြောင်းတွေ၊ တေးဂီတတွေ သရုပ်ဆောင်တွေရဲ့ဇာတ်ကောင်တစ်ယောက်ချင်းစီကိုပါပီပီပြင်ပြင်အချိန်ယူတည်ဆောက်ထားတဲ့ သေသပ်လှပတဲ့ ကားကောင်းတစ်ကားဖြစ်သလို ထိတ်လန့်သည်းဖိုဆရာကြီး Stephen King ကလဲချီးကျူးထားပါသတဲ့။ Rating တွေအနေနဲ့လဲ IMDb: 6.6 Rotten Tomatoes: 96% တို့ရရှိထားတဲ့အတွက်၊ Horror ပရိသတ်တွေကြည့်ကိုကြည့်ရမယ့်ဇာတ်ကားဖြစ်ပါတယ်။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray
  • Resolution….: 1080p DTS-HD MA 5.1, 1080p 5.1CH, 720p, 480p
  • Duration……..: 1h 44m
  • Translator…..: Dreamy
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Web-DL   

Carter (2022)

ကာတာဟာ အတိတ်မှတ်ဉာဏ်တွေကိုမေ့ပျောက်နေရာကနေနိုးထလာခဲ့ချိန် အနားမှာရန်သူတွေ ဝိုင်းနေပါတယ်။ အဲ့ဒီအချိန်မှာပဲဖုန်းသံမြည်လာခဲ့ပြီး ဖုန်းထဲကအသံဟာ သူ့ကိုဝိုင်းနေတဲ့အထဲကတစ်ယောက်ကို ဖုန်းပေးခိုင်းတဲ့အတွက်ညွှန်ကြားတဲ့အတိုင်းပေးလိုက်ချိန်မှာတော့ ဖုန်းပေါက်ကွဲသွားပြီး အားလုံးလဲကျသွားချိန်မှာသူထွက်ပြေးရပါတော့တယ်၊ အဲ့ဒီကစလို့ ဘာကိုမှ မမှတ်မိတဲ့သူ့အနေနဲ့ ဖုန်းထဲက ညွှန်ကြားတဲ့အသံအတိုင်းလိုက်လုပ်ရဖို့ဖြစ်လာခဲ့သလိုသွားလေရာမှာလဲရန်သူတွေ ဝိုင်းနေတာပါပဲ၊ သေချာတာတစ်ခုက သူ့နားထဲကအသံရော၊ သူ့ဘေးကလူတွေရော ချဉ်းကပ်လာသူမှန်သမျှ ဘယ်သူ့ကိုမှမယုံရဘူးဆိုတာပါပဲ။ အစကနေအဆုံးအထိကြမ်းချက်က မနားတမ်းဖြစ်တဲ့အတွက် ပရိသတ်အသက်ရှုချိန်တောင်မရတဲ့အထိပါပဲ၊ တစ်ကားလုံးနီးပါးကို One shot ပုံစံမျိုးနဲ့ရိုက်ထားတာဖြစ်ပြီး လက်ကိုင်ကင်မရာရိုက်ချက်ဆန်ဆန်တွေ ဂိမ်းမြင်ကွင်းပုံစံတွေမျိုးတွေကိုပါ ဆန်းဆန်းပြားပြားတွေ့မြင်ရပါလိမ့်မယ်။ The villainess နဲ့ Hardcore Henary တို့ကိုရောမွှေထားတဲ့ပုံစံမျိုးဖြစ်ပြီး Non-stop အက်ရှင်စစ်စစ်ဖြစ်တဲ့အတွက် အက်ရှင်ပရိသတ်တွေအတွက်ရွှေပါပဲ။ ဝေဖန်ရေးဆရာတွေကတော့ အက်ရှင်ခန်းတွေများလွန်းတာ၊ကြမ်းလွန်းတာကို ချေးများကြပေမယ့်လဲ ပေါ့ပေါ့ပါးပါးဖျော်ဖြေရေးအတွက်ဆိုရင်တော့ရင်သပ်ရှုမော ရိုက်ချက်တွေ စတန့်ခန်းတွေ ခမ်းနားလှပသေသပ်တဲ့ ကိုယ်ခံပညာဇာတ်ဝင်ခန်းတွေက တန်လွန်းမကတန်ပါလိမ့်မယ်။ (ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတစ်ချို့နဲ့ကြမ်းတမ်းရက်စက်တဲ့သတ်ဖြတ်ခန်းတွေကြောင့်တော့ မိသားစုကြည့်ဖို့မသင့်ပါ) Format……….: .mp4 & .mkv […]
  • 1080p
  • 4 weeks ago
Movies   Blu-ray   

Hard Hit (2021)

Seong-gyu ဟာဘူဆန်မှာရှိတဲ့ဘဏ်ဌာနခွဲတစ်ခုရဲ့မန်နေဂျာဖြစ်ပြီးတစ်နေ့တော့အလုပ်အသွားမှာ သူ့သားနဲ့သမီးကိုကျောင်းပို့ဖို့ တစ်ခါတည်းခေါ်သွားပါတယ်။ အဲ့ဒီမှာ ကားထဲရောက်နေတဲ့ ဖုန်းတစ်လုံးကနေအမည်မသိခေါ်ဆိုသူတစ်ဦးဆီက ဖုန်းဝင်လာခဲ့ပြီး၊ သူ့ခုံနဲ့ ကလေးတွေထိုင်ခုံအောက်မှာ ဗုံးတွေဆင်ထားပြီးထိုင်ရာကထလိုက်တာနဲ့ဗုံးက အသက်ဝင်လာပြီးပေါက်ကွဲမှာဖြစ်သလို သူခိုင်းတဲ့အတိုင်းမလုပ်ရင်လဲ အဝေးထိန်းခလုတ်နဲ့ဖောက်ခွဲမှာဖြစ်တယ်လို့ ခြိမ်းခြောက်ပါတယ်။ အစပိုင်းမှာ မယုံပေမယ့်လဲ မယုံပဲမနေနိုင်တော့တဲ့အဖြစ်အပျက်မျိုးသူ့မျက်စိရှေ့မှာဖြစ်လာတဲ့နောက်တော့ ဒီလူ့ခိုင်းစေချက်တွေအတိုင်းလိုက်လုပ်ရပါတော့တယ်။ ဒီလိုလိုက်မလုပ်ခင်မှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှု ထူးခြားနေတဲ့သူ့အပြုအမူတွေကြောင့်လဲရဲတွေက သူ့ကိုသံသယတရားခံလို့သတ်မှတ်ပြီး အဘက်ဘက်ကဝိုင်းဝန်ဖမ်းဆီးဖို့ ကြိုးစားလာကြတဲ့အပြင်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားခဲ့တဲ့ သူ့သားငယ်လေးကို ဆေးရုံပို့ဖို့ ကိစ္စကိုပါ တစ်ဖက်ကကြိုးစားရတဲ့အခါ..။ ဒီလူဟာ သူမသိလိုက်ရပဲ သူ့အပေါ်ဘယ်လိုအငြိုးအတေးတွေရှိခဲ့လဲ၊ မသက်ဆိုင်တဲ့သူ့သားသမီးတွေအပေါ်ပါဘာကြောင့် ဒုက္ခပေးချင်ရတာလဲ ပြောတဲ့အတိုင်းကောလုပ်မှာလားဆိုတာတွေကို ရင်တမမနဲ့ရှုစားကြရပါလိမ့်မယ်။ မနှစ်ကကပ်ရောဂါကာလရုံတင်တဲ့ကားတွေထဲကမှ ၁၀ ရက်အတွင်းကြည့်ရှုသူငါးသိန်းကျော်သွားတဲ့ ၂၀၂၁ ရဲ့ပထမဆုံးကိုရီးယားကားပါ။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA 5.1, 1080p 5.1CH, 720p, […]
  • 1080p
  • 4 weeks ago
Movies   Blu-ray   

The Stronghold (2021)

ဒီတစ်ခါတော့ ရဲစုံထောက်ကားတွေကိုမှ သဘောကျသူတွေ အကြိုက်တွေ့စေမယ့် Action, Crime, Thriller အမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အပြင်မှာတကယ်ဖြစ်ခဲ့ဖူးတာကို ကျောရိုးယူပြီးတော့ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ မာဆီလီနယ်မြေဆိုတာ ပြင်သစ်နိုင်ငံက ရာဇဝတ်မှုတွေထူပြောပြီး သေနတ်ကိုင်ထားတဲ့လူမိုက်တွေက မူးယစ်ဆေးတွေကိုပေါ်တင်ရောင်းနေတဲ့ ခရိုင်တစ်ခုပါ။ အဲဒီနေရာမှာဆိုရင် ရပ်ကွက်တစ်ခုလုံးဟာ မူးယစ်ဆေးရောင်းသူနဲ့ သုံးစွဲသူတွေချည်းဖြစ်လို့ ရဲဆိုရင်အဝင်မခံတဲ့အထိ သောင်းကျန်းနေကြတာပါ။ ဂရက်၊အန်တိုနီနဲ့ရက်စ်တို့ သူငယ်ချင်းသုံးယောက်က မူးယစ်ဆေးတွေဖမ်းရတဲ့ မြောက်ပိုင်းဌာနရဲတပ်ဖွဲ့ကပါ။ ရဲတပ်ဖွဲ့ဝင်တွေဟာ တစ်လကိုဘယ်နှစ်မှုဖမ်းရမယ်ဆိုတဲ့သတ်မှတ်ချက်ကို ပြည့်မီအောင်ဖမ်းရပါတယ်။ ဒါကြောင့် အဲဒီလိုပြည့်မီအောင် ဆေးလိပ်မှောင်ခိုလိုမျိုး ခပ်သေးသေးအမှုတွေကိုပဲဖမ်းနေရတာ စိတ်ကုန်လာတဲ့ သူတို့သုံးယောက်ဟာ မူးယစ်ရာဇာခေါင်းဆောင်ပိုင်းအထိဖော်ထုတ်ပြီး ဒီဒေသကမူးယစ်ဂိုဏ်းကို အမြစ်ကလှန်ဖို့ ကြိုးစားကြပါတော့တယ်။ ဒီလိုကြိုးစားကြရာမှာ သူတို့ဘယ်လိုနည်းလမ်းတွေသုံးဖို့လိုလာမလဲ။ ဘယ်လိုအခက်အခဲတွေကြုံရမလဲ။ ကိုယ်နဲ့တစ်လှေတည်းစီးနေတယ်လို့ ထင်နေတဲ့လူတွေက နောက်ကျောကိုဓားနဲ့ထောက်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ရှုစားရမှာပါ။ Format……….: .mp4 & […]
  • 1080p
  • 4 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)